နိုင်ငံရပ်ခြားထွက်မယ့် ကျောင်းသူ/သားတွေ သိထားသင့်တဲ့ Website များ

ခုနောက်ပိုင်း နိုင်ငံခြားကို ကျောင်းသွားတက်မယ့် လူငယ်တွေတစ်ဖြည်းဖြည်းများလာသလို ကလေးတွေကို ဂျင်းထည့်ပြီး ပိုက်ဆံတောင်းတဲ့ အေဂျင်စီအတုတွေလည်း တစ်ဖြည်းဖြည်းများလာပါတယ်။ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ အင်္ဂလိပ်စာကောင်းကောင်း တတ်ရုံနဲ့ နည်းပညာကိုအသုံးပြုပြီး ကျောင်းသွားတက်မယ့်ကိစ္စအစအဆုံးကို ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။ Payment တွေအဆင်မပြေတဲ့ကိစ္စတွေကိုတော့ ဒီနေရာမှာ ချန်လှပ်ထားခဲ့ပါမယ်။

၁. fully-fundedscholarships.com
ဒီကောင်က ကမ္ဘာတစ်ဝှမ်းက Scholarship တွေကို ဖော်ပြပေးတဲ့ Website ပဲဖြစ်ပါတယ်။ နိုင်ငံအလိုက်၊ မေဂျာအလိုက်၊ ကျောင်းအလိုက် သူ့အကန့်နဲ့သူ ခွဲခြားဖော်ပြပေးနိုင်တာကြောင့် သုံးတတ်ရင် တစ်ကယ်အသုံးဝင်မယ့် Website တစ်ခုဖြစ်ပါတယ်။ Funding Type ကိုလည်း Fully & Particial ဆိုပြီး ကြိုက်သလို ရွေးချယ်ပြီး ကြည့်ရှုနိုင်ပါတယ်။

၂. skyscanner.net
ဒီကောင်ကတော့ လေယာဥ်လက်မှတ်ကိုမှာ ဈေးသက်သာတဲ့ လေကြောင်းတွေကို ရွေးချယ်ဝယ်ယူနိုင်တဲ့ Website ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ကာကို သွားတဲ့ လေကြောင်းလိုင်း အစုံပါရှိတာကြောင့် သုံးတတ်ရင် တစ်ကယ်ကို ပိုက်ဆံချွေတာရာ ရောက်ပါတယ်။

၃. Airbnb
ဒီကောင်ကတော့ Abroad ကိုရောက်ရောက်ချင်း နေစရာရှာတုန်းမှာ ဈေးသက်သက်သာသာနဲ့ တည်းခိုလို့ရမယ့်နေရာကို ရှာဖွေပြီး တည်းခိုဖို့အတွက် အသုံးဝင်ပါလိမ့်မယ်။ Air Bags & Breakfast ဆိုတဲ့ နာမည်အတိုင်း နေစရာနေရာတွေက တစ်ကယ်ဈေးချိုတဲ့ Share Room တွေကစပြီး၊ အကောင်းစား ဟိုတယ်တွေလည်း ပါဝင်ပါတယ်။

၄. Tripadvisor
ဒီ App ကတော့ ကိုယ်ရောက်နေတဲ့နေရာမှာ သွားလည်စရာတွေ၊ Tourist Attraction တွေနဲ့ Hotel တွေကို ခရီးသွားတွေကိုယ်တိုင်ရေးထားတဲ့ Review တွေကတစ်ဆင့် တစ်ကယ့် အမှန်အကန် Rating တွေကိုပဲ ပြပေးတာမို့ အားလပ်ရက်မှာ ခြေဆန့်ချင်တဲ့ သူတွေအတွက် တစ်ကယ်အဆင်ပြေမယ့် App ဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter နဲ့ Elon Musk တို့ဖြစ်တဲ့ ပြဿနာကို Tweet မလုပ်ဖို့ Twitter ဝန်ထမ်းတွေ သတိပေးထားခံရ

Next
Next

"Blackout Challenge" လို့အမည်ရတဲ့ Tik Tok Challenge ကြောင့် သေဆုံးသူ ကလေး ၇ ဦးထိရှိလာ