Twitter အတွက် Elon Musk ရဲ့အနာဂတ် plan

ကိုပိုပြီးတိုးတက်အောင်နဲ့နှစ်စဥ်အမြတ်ငွေတွေပိုရအောင်လုပ်မယ့် သူ့ရဲ့မဟာစီမံကိန်းကြီးကို investor တွေကိုချပြခဲ့တယ်လို့သိရပါတယ်။ အနည်းဆုံး ၁၀နှစ်စာလောက်ထိ ဆွဲထားတဲ့ plan ပဲဖြစ်ပါတယ်။

အဓိကလို့ပြောလို့ရတဲ့ objective ကတော့ ၂၀၂၈မှာ အမြတ်ငွေ ၂၆.၄ ဘီလျံထိရရမယ်ဆိုတာပါပဲ။

Twitter ကို $44 billions နဲ့ဝယ်ယူပြီးတဲ့အခါမှာတော့ twitter

မနှစ်ကအမြတ်ငွေကမှ ၅ဘီလျံထိပဲရှိတာပါ။ အဲ့ဒါကို ၆နှစ်အတွင်းအမြတ်ငွေ၄ဆဆိုပိုရအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကတော်တော်တော့ကြီးပါတယ်။

ဒီလိုအမြတ်ငွေရအောင်လုပ်တဲ့နေရာမှာပုံမှန် ad တွေကနေယူမှာမဟုတ်ပဲ subscription တွေနဲ့ data licensing ကနေအမြတ်ပိုရအောင်လုပ်မယ်လို့သိရပြီး ad ရဲ့ အမြတ်ငွေအပေါ်မှီခိုနေရမှုကိုတဖြည်းဖြည်းလျော့ချသွားတော့မှာပါ။ 2020 မှာအမြတ်ငွေ ad ကနေစုစုပေါင်းအမြတ်ငွေ ၉၀% ရခဲ့ရာကနေ ၂၀၂၈ မှာ ၄၅% လောက်ပဲရှိတော့အောင်လုပ်ဖို့ရည်ရွယ်ထားပြီး ad ကရငွေ ၁၂ဘီလျံနဲ့ subscription တွေကရတဲ့အမြတ်ငွေ ၁၀ဘီလျံထိရှိလာမယ်လို့လဲ Musk ကခန့်မှန်းထားပါတယ်။

ဒါ့အပြင် payment business တွေကနေတင် ၂၀၂၃မှာအမြတ်ငွေ $ ၁၅သန်းခန့်ရမယ်လို့တွက်ထားပြီး 2028 မှာ ၁.၃ဘီလျံထိတက်လာနိုင်ချေရှိပါတယ်။ Musk ဟာ paypal တို့လိုမျိုး payment service တွေကိုမိတ်ဆက်လာနိုင်ပြီး twitter ကို digital payment platform အသွင်ပြောင်းလာနိုင်ပါတယ်။

 

Twitter အသုံးပြုသူအရေအတွက်ကိုလဲ ပြီးခဲ့တဲ့နှစ်မှာ ၂၁၇သန်းခန့်ရှိခဲ့ရာမှ နောက်ခြောက်နှစ်ခန့်မှာနောက်ထပ် သန်း၆၀၀ခန့်ထိထပ်တိုးလာဖို့မျော်မှန်းထားပါတယ်။ လောလောဆယ် X လို့ပဲသိရသေးတဲ့ service တစ်ခုကိုလဲ မိတ်ဆက်လာမှာဖြစ်ပြီး ပထမစမိတ်ဆက်တဲ့နှစ်မှာတင် user ၉သန်းထိရှိမှာဖြစ်ပြီး ၂၀၂၈မှာ အသုံးပြုသူ သန်း၁၀၀ကျော်ထိရှိနေမှာဖြစ်ကာ အမြတ်ငွေလဲ ၄၅သန်းထိရှိနိုင်တယ်လို့လဲ Musk ကဆိုထားပါတယ်။

 

Elon Musk အနေနဲ့ twitter ကိုသမားရိုးကျ ad တွေကနေပိုက်ဆံယူတဲ့ social media တစ်ခုဆိုတာထက် payment ပြုလုပ်နိုင်မယ့် business ကို focus ထားတဲ့ social media တစ်ခုအဖြစ်ပုံဖော်ဖို့ကြိုးစားနေတယ်လို့ဆိုနိုင်ပါတယ်။ ဒီ payment တွေမှာ crypto currency ကို ထည့်သွင်းလာပြီးသူပိုင်တဲ့ doge coin ရဲ့တန်ဖိုးကိုတိုးမြင့်လာနိုင်ပါတယ်။

ဒီလိုမဟာစီမံကိန်းကြီးရှိနေတဲ့အတွက် Musk ဟာ ၂၀၂၈မတိုင်ခင်ထိနောက်ထပ်အလုပ်သမားဦးရေ ၃၆၀၀ကိုထပ်မံခေါ်ယူသွားဦးမှာပါ။​ Elon Musk  twitter ကိုစတင်ဝယ်ယူလိုက်ထဲက twitter မှာအလုပ်လုပ်လိုသူအရေအတွက်ဟာလဲမြင့်မားလာနေခဲ့တာဖြစ်ပါတယ်။

 

Zukerberg က metaverse ကို facebook ရဲ့ next level အဖြစ်ဖန်တီးနေတဲ့အချိန်မှာ Elon Musk ဟာလဲ twitter ကိုသူ့ရဲ့နောက်ထပ် big thing အဖြစ်နဲ့ချပြသွားဖို့ကြိုးပမ်းနေတယ်ဆိုတာသိသာလှပါတယ်။ သေချာတာကတော့ Elon Musk တစ်ယောက်ကတော့ဒီ့ထက်ကိုချမ်းသာပြီးရင်းချမ်းသာဦးမယ်ဆိုတာပါပဲ။

 ref; nytimes

Previous
Previous

Elon Musk ကြောင့် ရှဲလ်ယာဈေးတက်သွားတဲ့ KOPIKO ချိုချဥ်ကုမ္ပဏီ

Next
Next

Cryptocurrencies နဲ့ Gucci တွေ အမေရိကားမှာ ဝယ်လို့ရပြီ