Elon Musk ကြောင့် ရှဲလ်ယာဈေးတက်သွားတဲ့ KOPIKO ချိုချဥ်ကုမ္ပဏီ

တစ်လောက K-drama ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ KOPIKO ချိုချဥ်ဟာ Hometown Cha-Cha-Cha Series ကြောင့် လူသိများ ရေပန်းစားခဲ့ပါတယ်။ ခုတော့ Tech Billionare Elon Musk လည်း KOPIKO ကိုမြည်းစမ်းကြည့်ပြီး လက်မ ၂ ဖက်ထောင် အားပေးခဲဲ့လို့ KOPIKO ကုမ္ပဏီ ရှဲယာဈေးကွက် ဈေးတက်သွားပါတယ်။

Elon အနေနဲ့ ဒီချိုချဥ်ကို April လတုန်းက Taxas မှာပြုလုပ်တဲ့ အင််ဒိုနီးရှား နိုင်ငံခြားရင်းနှီးမြှပ်နံမှုပွဲမှာ ဝန်ကြီး Luhut Pandjanitan ကစမ်းစားကြည့်ဖို့ ကျွေးခဲ့တာဖြစ်ပါတယ်။ Musk ရဲ့ Video တက်ပြီးနောက် KOPIKO ထုတ်တဲ့ အင်ဒိုနီးရှား F&B ကုမ္ပဏီဖြစ်တဲ့ Mayora ဟာ ရှဲယာတွေဟာ 7.35 % တန်ဖိုးတက်သွားပါတယ်။

Elon နဲ့ဝန်ကြီးတို့ဟာ လျှပ်စစ်ယာဥ်ကိစ္စကို အဓိကထားပြီး ဆွေးနွေးခဲ့ပြီး ဝန်ကြီး Luhut အနေနဲ့ အင်ဒိုနီးရှားရဲ့ နီကယ်ထုတ်လုပ်ရေးကို အနာဂတ်မှာ မြင့်တက်လာစေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်ဆွေးနွေးမှုတွေလည်း ရှိဦးမယ်လို့ ထပ်ဆောင်းဆိုထားပါတယ်။ အင်ဒိုရဲ့သမ္မတ Joko Widodo ကိုယ်တိုင်လည်း US ခရီးစဥ်အတွင်း Elon Musk နဲ့တွေ့ဆုံဦးမယ်လို့ဆိုပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

“Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြင့်မားသော ကင်မရာလုပ်ဆောင်ချက်အရည်အသွေးများဖြင့် ထွက်ရှိလာသည့် OPPO F21 Pro မြန်မာနိုင်ငံဈးကွက်သို့ရောက်ရှိ

Next
Next

Twitter အတွက် Elon Musk ရဲ့အနာဂတ် plan