Cryptocurrencies နဲ့ Gucci တွေ အမေရိကားမှာ ဝယ်လို့ရပြီ

အီတလီ ဒီဇိုင်နာ နာမည်ကြီး ဘရန်းဖြစ်တဲ့ GUCCI အနေနဲ့ အမေရိကန်မှာ ခရစ်တိုငွေကြေးနဲ့ သူတို့တရားဝင်ဆိုင်တွေမှာ ဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။ Bitcoin, Ethereum, Litecoin တို့လိုနာမည်ကြီး Coin တွေသာမက တစ်ခြား crypto တွေနဲ့လည်း ဝယ်လို့ရနိုင်မှာပါ။

ဒီဝန်ဆောင်မှုကို လကုန်ကျရင် နာမည်ကြီး Rodeo Drive Los Angeles နဲ့ New York Wooster Street တို့မှာရှိတဲ့ Gucci Store တွေမှာ စတင်အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။ France's Kering ပိုင်ဆိုင်တဲ့ GUCCI ဟာ Virtual Currencies ကိုစတင်လက်ခံတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Shiba Inu နဲ့ Dodgecoin တွေကိုလည်း လက်ခံဖို့စီစဥ်နေတယ်လို့ ဆိုပါတယ်။ Dodgecoin ဆိုတာက meme လုပ်ဖို့အတွက် အစပိုင်းတုန်းက စတင်ခဲ့တဲ့ Coin တစ်ခုဖြစ်ပါတယ်။

အဆိုပါ Store တွေမှာ ပစ္စည်းဝယ်တဲ့သူတွေအတွက် Digital Wallet asset အတွက် QR Code တစ်ခုကို Email ကနေပို့ပေးမှာဖြစ်ပြီး အဆိုပါ Address ကနေ cryptocurrency ကိုပို့ပေးရမှာဖြစ်ပါတယ်။ QR Code တွေကို ကပ်ရောဂါဆိုးဖြစ်ပြီး နောက်ပိုင်းမှာ Digital Transaction အတွက် အားထားအသုံးပြုလာကြသလို Cryptocurrency မှာလည်း အတော်လေးသုံးကြပါတယ်။

လောလောဆယ်မှာ US အတွင်းမှာစတင်ပြီး ဒီစနစ်ကို အသုံးပြုပေမယ့် နောက်ပိုင်း တစ်ကမ္ဘာလုံးက Store တွေမှာ အသုံးပြုနိုင်အောင် စီစဥ်နေတယ်လို့ဆိုပါတယ်။ ခုလို နာမည်ကြီး Brand တစ်ခု Crypto လောကအတွင်းကို ဝင်လာတာဟာ Crypto ဈေးတွေ တက်ဦးမယ်လို့ မျှော်မှန်းရပါတယ်။

Microsoft, US Telecom Firm AT&T, Starbucks, Tesla တို့အပြင် အခုဆိုရင် GUCCI ပါ ပါဝင်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ Bitcoin ကို El Salvador နဲ့ The Central African Republic တို့လို နိုင်ငံတွေမှာ တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လာကြပါတယ်။ အဓိကကတော့ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် Dollar အပေါ်မှာ မှီခိုမှုနည်းသွားအောင် ကြိုးစားကြတာပဲဖြစ်ပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter အတွက် Elon Musk ရဲ့အနာဂတ် plan

Next
Next

Supercomputer အချက်အလက်တွေ ခိုးလို့ Engineer ဟောင်းကို Tesla တရားစွဲ