Twitter ကိုအတည်ဝယ်တော့မယ့် Elon Musk
ဘီလီယံနာ Elon Musk အနေနဲ့ Twitter ကိုဒီတစ်ခါတော့ အတည်ဝယ်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက Twitter ကိုဝယ်မလိုလုပ်ပြီးမှ တရားစွဲမယ်၊ ရုံးတက်မယ်လုပ်ခဲ့တဲ့ Elon အနေနဲ့ ဒီတစ်ခါတော့ Twitter ကိုအတည်ဝယ်တော့မယ်ဆိုပါတယ်။ ဘာလို့လဲဆို ဒီတစ်ခါ စာရွက်စာတမ်းတွေပါ ပြုလုပ်ပြီး လက်မှတ်ထိုးဖို့ပဲလိုတော့တဲ့ အခြေအနေထိ ရောက်နေလို့ပါ။ ဝယ်မယ့်ဈေးကတော့ အရင်တုန်းက သတ်မှတ်ထားတဲ့ ဈေးဖြစ်တဲ့ ဒေါ်လာ သန်း ၅၄.၂၀ နဲ့ပဲဖြစ်ပါတယ်။
ဒီလိုတွေ မပြေလည်ခင်တုန်းက Twitter နဲ့ Elon တို့ တရားရုံးမှာ အပြန်အလှန် တရားစွဲတဲ့ အခြေအနေအထိဖြစ်ခဲ့ပါတယ်။ Elon အနေနဲ့ ပထမဆုံး Twitter ကို ဝယ်ဖို့ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုကို ရုတ်တရက် ပိတ်သိမ်းလိုက်ရာကနေစတင်ခဲ့ပါတယ်။ ဘာလို့ရုတ်သိမ်းခဲ့သလဲဆိုရင် Twitter အသုံးပြုသူတွေရဲ့ ရာခိုင်နှုန်း ၂၀ က Bots တွေဖြစ်နေတဲ့အတွက် ရုတ်သိမ်းတယ်လို့ Elon ပြောခဲ့ပေမယ့် လက်ဆုပ်လက်ကိုင်ပြစရာ မရှိခဲ့ပါဘူး။ ဒါ့ပေမယ့် Twitter ကတော့ Elon ပြောသလောက်မများပဲ Bots အရေအတွက်ဟာ ၅ ရာခိုင်နှုန်းထက်မပိုဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
နဂိုသဘောတူညီချက်အရ Twitter အနေနဲ့ Elon Musk ကို တရားစွဲပိုင်ခွင့်အပြည့်ရှိလို့ တရားစွဲခဲ့ပြီး Twitter ကိုဝယ်ယူဖို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ US Secure and Exchange Comission မှာ စာရွက်စာတမ်းတွေ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ Elon အနေနဲ့ တရားခွင်ကနေ ထွက်ဖို့နည်းကို ရွေးချယ်ခဲ့တယ်ထင်ပါတယ်။ ဒီသတင်းထွက်လာပြီးပြီးချင်းမှာလည်း Twitter ရဲ့ Stock ဈေးဟာ $43.84 ကနေ $51.88 ထိ အများကြီးခုန်တက်သွားခဲ့ပါတယ်။
Ref : Android Authority