AirPods နဲ့ Beats နားကြပ်ထုတ်လုပ်မှုတွေ အိန္ဒိယကို ပြောင်းရွှေ့နေပြီဖြစ်တဲ့ Apple

Apple ဟာ iPhone အစိတ်အပိုင်း ထုတ်လုပ်ရေးတစ်ချို့တစ်ဝက်ကို တရုတ်ကနေ အိန္ဒိယ ပြောင်းရွှေ့နေတာ ၂၀၂၀ ကတည်းကပါ။ ခုလည်း AirPods နဲ့ Beats နားကြပ် ထုတ်လုပ်မှုတွေ အိန္ဒိယကိုပြောင်းဖို့ စီစဥ်နေတာဖြစ်ပါတယ်။ Apple အနေနဲ့ iDevices တွေရဲ့ အစိတ်အပိုင်းထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတွေကိုလည်း ထုတ်လုပ်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွှေ့ဖို့ အားပေးထားပြီး ခုလို ပြောင်းရွှေ့လိုက်တာဟာ Export လုပ်နိုင်စွမ်းကို ၂ ဆမြင့်တက်လာစေမယ်လို့ ဆိုထားပါတယ်။

Bloomberg မှာတော့ iPhone တွေကို အိန္ဒိယမှာ ထုတ်လုပ်ပြီး ဥရောပနဲ့ အရှေ့အလည်ပိုင်း ဒေသတွေကို တင်ပို့ခြင်းဟာ ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလျံ ခန့်ရှိပြီး ခုလိုအပြောင်းအလဲတွေနဲ့ဆို ၂၀၂၃ မှာ ကုန်ကျစရိတ်ဟာ ၂.၅ ဘီလျံထိမြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

လေ့လာသူတွေကတော့ ထုတ်လုပ်ရေးတွေ အိန္ဒိယကို ပြောင်းရွှေ့လိုက်ခြင်းဟာ တရုတ်မှာပဲ စုစည်းနေတဲ့စက်ရုံတွေကို ဖြန့်ကျက်လိုက်သလိုဖြစ်ပြီး တရုတ်ဒေသတစ်ခုကိုပဲ အားကိုးနေရခြင်းကနေ ရုန်းထွက်နိုင်မယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်ရေးစက်ရုံတွေကလည်း ဒီအခွင့်အရေးကို အမိအရယူပြီး တစ်ခြားဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေပါ ပြောင်းရွှေ့လာအောင် ဆွဲဆောင်ဖို့ အလားအလာရှိနေပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကုမ္ပဏီအဖွဲ့သားတွေကိုယ်တိုင်ပါ သိပ််မသုံးဖြစ်ဘူးဆိုတဲ့ metaverse app

Next
Next

Twitter ကိုအတည်ဝယ်တော့မယ့် Elon Musk