1.4nm Chips အတွက်အစီအစဥ်တွေချပြလိုက်တဲ့ Samsung

Samsung အနေနဲ့ သူရဲ့ CPU ထုတ်လုပ်မယ့် အစီအစဥ်တွေကို ကြေငြာထားပါတယ်။ CEO Si-young Choi အနေနဲ့ Samsung အနေနဲ့ လာမယ့် ၁၀ နှစ်အတွင်းပြုလုပ်သွားမယ့် Chip ထုတ်လုပ်ရေး အစီအစဥ်ကို အသေးစိတ်ရှင်းလင်းပြသွားတာဖြစ်ပါတယ်။

အစီအစဥ်အရတော့ ၂၀၂၅ ခုနှစ်မှာ ကျွန်တော်တို့အနေနဲ့ 2nm Chip တွေကို စက်ရုံတွေကထွက်လာတာ မြင်ရဖို့ရှိပါတယ်။ နောက်ထပ် 1nm Chip တွေကိုတော့ 2027 မှာမြင်တွေ့ရဖို့ရှိပါတယ်။​ ကြားကာလတွေထဲမှာတော့ Samsung အနေနဲ့ Mobile Chips တွေအပြင် Non-Mobile Chips တွေဖြစ်တဲ့ စက်ရုံတွေမှာ အသုံးပြုတဲ့ High-Performane Computing Chips တွေကိုလည်း ထုတ်လုပ်ဦးမှာပါ။ သဘောကတော့ Samsung အနေနဲ့ သူတို့ရဲ့ Chips ထုတ်လုပ်မှုကို ၃ ဆထိတိုးလိုက်တာပါ။

Samsung အနေနဲ့ ဒီလိုမျိုးထုတ်လုပ်မှုတွေလုပ်နိုင်ဖို့အတွက် Shell First ဆိုတဲ့ နည်းစနစ်ကို အသုံးပြုမယ်လို့ ဆိုပါတယ်။ အဲ့တာကဘာလဲဆိုတော့ Chips တွေကို ထုတ်လုပ်မယ့် စက်ရုံတွေမှာအသုံးပြုတဲ့ Chips တွေကို တစ်ခြားကနေ ဝယ်မသုံးပဲ ကိုယ်တိုင်ပဲ ထုတ်လုပ်သုံးစွဲမယ့် "Clean Room" ဆိုတဲ့ နည်းပညာပဲဖြစ်ပါတယ်။ အဆိုပါနည်းပညာသုံးထားတဲ့ စက်ရုံကို Texas ပြည်နယ်၊ အမေရိကားမှာ ဒေါ်လာ ၁၇ ဘီလီယံ အကုန်အကျခံပြီး တည်ဆောက်နေပါတယ်။

Sammy အနေနဲ့ ၂၀၂၀ တုန်းက မိတ်ဆက်ခဲ့တဲ့ X-Cube Chips တွေထုတ်လုပ်မှုနဲ့ပတ်သတ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ X Cube ဆိုတာ Chips တွေကို ပိုမိုသေးငယ်တဲ့ စနစ်နဲ့ ထုတ်လုပ်နိုင်အောင် ပြုလုပ်ပေးတဲ့နည်းပညာဖြစ်ပါတယ်။ အဆိုပါနည်းပညာ ပြီးဆုံးသွားရင် Custom Design Chips တွေအတွက် မပူရတော့ဘူးလို့ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter ကိုအတည်ဝယ်တော့မယ့် Elon Musk

Next
Next

Apple ဖခင်ကြီး Steve Jobs ကွယ်လွန်တာ ၁၁ နှစ်ပြည့်ခဲ့ပြီ