Twitter မှာ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရဘူးဆိုတဲ့ Elon Musk
Elon Musk ဟာ Twitter ကို $ 44 Billion နဲ့ တရားဝင်ဝယ်ယူပြီးတဲ့နောက်မှာ ကြေငြာချက်တစ်ခုကို ပြောကြားခဲ့ပြီး အဲ့တာကတော့ Twitter ကို သူဝယ်လိုက်လို့ Social Media ပေါ်ပြောချင်တိုင်းပြော၊ အာချောင်လို့ မရဘူးလို့ သတိပေးလိုက်ပါတယ်။ "အားလုံးလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရတဲ့နေရာတစ်ခုဖြစ်စေရမယ်ဆိုတာ စည်းလွတ်ဘောင်လွတ်ပြောဆိုခွင့်ပေးတာမျိုးမဟုတ်ဘူး" လို့ Musk ကဆိုပါတယ်။
Twitter ကိုတရားဝင်ဝယ်ယူပြီး နောက်တစ်နေ့ Twitter ရုံးချုပ်ရာ ဆန်ဖရန်စ္စကိုမြို့က အဆောက်အဦးတစ်ခုမှာ ဘေဇင်ကြီးကိုကိုင်ပြီး ရောက်ချလာသလို Twitter Profile မှာ Chief Twist ဆိုပြီး ချိန်းထားပါတယ်။ "ကျွန်တော့်ရဲ့ Platform ကနေအားလုံးကို ကြိုဆိုလိုက်ပါတယ်။ ဒီ Social Media ပေါ်မှာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုပေါ်လိုက်ပြီး ပြောဆိုဆက်သွယ်ကြပါ။ နောက်ပြီး လူတိုင်းနဲ့ကိုက်ညီတဲ့ ads တွေပြနိုင်အောင်လည်း ကြိုးစားသွားပါမယ်။ ကိုယ်ရဲ့စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ ကြော်ငြာ်တွေကသာ တစ်ကယ်ရွှေပါ။ ကျန်တာတွေက မျက်လုံးရှုပ်တဲ့ အမှိုက်သပ်သပ်ပဲ" လို့ Twitter မှာ ကြော်ငြာထည့်နေတဲ့ အေဂျင်စီတွေကို စာပို့ထားပါသေးတယ်။
တစ်ဖက်မှာလည်း Elon Musk အနေနဲ့ Twitter ကဝန်ထမ်းအတော်များများကို အလုပ်ဖြုတ်ဖို့ စီစဥ်နေတယ်လို့လည်း သတင်းတွေထွက််နေပါတယ်။ Twitter ရုံးချုပ်ကို အလည်လာပြီး ဝန်ထမ်းတွေနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ပြီးတဲ့နောက် တစ်ချို့ ဝန်ထမ်းတွေက "မင်းအလုပ်ဖြုတ်တော့မယ့် လူတွေနဲ့ အတူတူ ကော်ဖီသောက်ရတာ ဝမ်းသာသလား" ဆိုတဲ့ စာတွေ ရေးတင်ခဲ့ကြပါသေးတယ်။
Ref : CNBC