High-end Series ဖုန်းထုတ်လာနိုင်တဲ့ Pixel
Google အနေနဲ့ Software ကနေပိုက်ဆံရှာရတာ အားမရတော့ပဲ ဖုန်းတွေကနေပဲ အဓိကဝင်ငွေကို ရယူဖို့ပြင်ဆင်နေဖို့ ကြိုစားနေသလားလို့ ထင်မှတ်ရအောင် Pixel ဖုန်းတွေကို အားစိုက်နေရတာကို တွေ့ရပါတယ်။ ဒါကို Pixel 7 Series မှာ နောက်ထပ်ဖုန်းအသစ်ထပ်ထည့်ဖို့ ကြိတ်ကြိုးစားနေတာကို ကြည့်ရင်သိနိုင်ပါတယ်။
Pixel Series မှာ Pixel 7 ကို Codename "P10" Panther လို့အမည်ပေးထားပါတယ်။ Pixel 7 Pro ကိုတော့ "C10" Cheetah လို့အမည်ပေးထားပြီး လောလောဆယ် အမည်မသိထွက်လာမယ့် ဖုန်းကိုတော့ G10 လို့ Codename ပေးထားပါတယ်။ ဒီအချက်အလက်တွေကို Android Open Source Project မှာ မှတ်ပုံတင်ထားလို့ တွေ့ခဲ့ရတာဖြစ်ပါတယ်။
G10 လို့ အမည်ရတဲ့ ဒီဖုန်းမှာ Screenn Refresh Rate 120Hz ပါဝင်ပြီး 1440x3120 Reso ရမယ်လို့ သိရပါတယ်။ ဒါဟာ Pixel 7 Pro နဲ့ မတိမ်းမယိမ်း Specs တွေပါ။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက G10 အတွက် Screen တွေကို Apple iPhone တွေအတွက် Screen ထုတ်ပေးတဲ့ BOE ခေါ် တရုတ်ကုမ္ပဏီတစ်ခုဆီက ဝယ်ယူအသုံးပြုနေတာဖြစ်ပါတယ်။ ပုံမှန် Pixel Screen တွေကို Samsung ဆီကနေ ဝယ်ယူအသုံးပြုတာပါ။
ဒီ Codename G10 လို့အမည်ရတဲ့ ဖုန်းဟာ Pixel 7 Series မှာ နောက်ထပ်ဝင်လာမလား၊ နောက်လာမယ့် Line-up အတွက်လားဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို Hardware ကနေပိုက်ဆံယူချင်နေတဲ့ Google အတွက် ခြေလှမ်းသစ်ဖြစ်မလားဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။
Ref : Android Authority