iPhone 14 Pro ဝယ်လိုအားကို မှီအောင်ထုတ်လုပ်ရေးက မလိုက်နိုင်သေးဘူလို့ Tim Cook ပြော


iPhone တွေဈေးကြီးတယ်။ လူတိုင်းမကိုင်နိုင်ဘူးလို့ပြောနေပေမယ့် မှာလိုက်ကြတဲ့ Preorder၊ ဝက်ဝက်ကွဲ တန်းစီပြီးဝယ်နေကြတဲ့ လူအုပ်ကြီးက လူတိုင်းနီးပါး ရရင် iPhone ကိုင်ချင်နေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ခုလည်း Apple ရဲ့ အမြတ်စာရင်းတွေ ထုတ်ပြန်တဲ့အချိန်ရောက်တဲ့အခါ ကိန်းဂဏန်းတွေကနေတစ်ဆင့် iPhone တွေရဲ့ အောင်မြင်မှုကို မြင်နေရပါတယ်။ Tim Cook ကြီးကိုယ်တိုင်ကလည်း iPhone 14 Pro ဝယ်လိုအားမြင့်တက်နေပြီး ဝိုင်းဝန်းဝယ်ယူနေကြလို့ အလျင်မှီအောင် မထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

iPhone 14 Pro နဲ့ Pro Max အနေနဲ့ ဝယ်လိုအားမြင့်တက်နေတာ Launch ပြီးကတည်းဖြစ်သလို အလျင်မှီအောင်ထုတ်နိုင်ဖို့ ရနိုင်သမျှ ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ရေးအင်အားကို မြှင့်တင်နေတယ်လို့ဆိုပါတယ်။​ Apple ကုမ္ပဏီကိုယ်တိုင် မထင်ထားတဲ့ ဝယ်လိုအားကို ကြုံရလို့ ခုလိုဖြစ်တာလို့လည်း ထပ်မံပြောထားပါသေးတယ်။ နောက်တစ်ခုကတော့ ထုတ်လုပ်ရေးအဓိကလုပ်တဲ့ တရုတ်နိုင်ငံက စက်ရုံတွေမှာ ကိုဗစ်ကြောင့် ကမောက်ကမဖြစ်တာတွေလည်း ပါဝင်ပါတယ်။

Apple အနေနဲ့ ဒီနှစ်ကုန်မှာ မျှော်မှန်းထားတဲ့ အမြတ်ထက်ပိုပြီး ရရှိခဲ့သလို ခုလိုအမြတ်ပိုခဲ့ရတာဟာ နိုင်ငံခြားငွေလဲနှုန်းတွေကြောင့်လည်း ဖြစ်တယ်လို့ Tim ကပြောခဲ့ပါသေးတယ်။ Apple အနေနဲ့ ဒီနှစ်မှာ အမြတ်ပိုများခဲ့ပေမယ့် လာမယ့် iPhone 15 မှာတော့ EU ရဲ့ USB-C Law တွေနဲ့ Charger ထည့်ပေးရမယ်ဆိုတဲ့ တစ်ချို့ ဥပဒေတွေကြောင့် နောက်နှစ်ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android 13 Beta Update ထွက်လာမယ့် Date ကို OnePlus ထုတ်ပြန်

Next
Next

Twitter မှာ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရဘူးဆိုတဲ့ Elon Musk