Twitter အရောင်းအဝယ်ဖျက်တဲ့ကိစ္စနဲ့ပတ်သတ်လို့ တရားဝင်ငြင်းဆိုချက်ထုတ်ထားပြီဖြစ်တဲ့ Elon Musk

Elon Musk ရဲ့တရားဝင်ရှေ့နေတွေအနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့ကပဲ Twitter အရောင်းအဝယ်ကိစ္စနဲပတ်သတ်လို့ Elon Musk ဖက်ကနေပြီး တရားဝင်အချက်အလက်တွေနဲ့ ငြင်းဆိုလိုက်ပြီဖြစ်ပါတယ်။ ငြင်းဆိုချက်ထဲမှာ Elon Musk အနေနဲ့ အရောင်းအဝယ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်သိမ်းဖို့ကြိုးစားတာ မဟုတ်ကြောင်းကိုလည်း ငြင်းဆိုထားပါတယ်။ Twitter မှာရှိတဲ့ အကောင့်တုတွေနဲ့ Bots အရေအတွက်ကို Twitter ဖက်ကမှားယွင်းဖော်ပြခဲ့လို့သာ ခုလိုအရောင်းအဝယ်ပျက်ခဲ့တာလို့လည်း ငြင်းထားပါတယ်။

Twitter အတွက်စစ်တမ်းပြုလုပ်တဲ့ University of Indiana ကထုတ်ဝေထားတဲ့ စာတမ်းတစ်စောင်ကို ကိုးကားပြီး Elon Musk အနေနဲ့ Twitter မှာ Spam နဲ့ Bots တွေရှိမရှိကို လောင်းကြေးထပ်ပြီး စိန်ခေါ်မယ်လို့လည်း Elon ကိုယ်တိုင် Twitter မှာတင်ထားပြီး မထိတထိနဲ့ စိန်ခေါ်နေပါသေးတယ်။

Twitter ဖက်ကလည်း Elon Musk ရဲ့ငြင်းဆိုမှုနဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုနေပြီး၊ Spam နဲ့ Bots အရေအတွက်ဟာ တစ်ကယ်တော့ ပမာဏမများသလို၊ လက်ရှိစီစစ်လျှော့ချနေသလို၊ Elon Musk ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေဟာ တရားဥပဒေမကျ၊ နည်းစနစ်လည်းမမှန်၊ စီးပွားရေးအရလည်း မလုပ်သင့်တဲ့အရာလို့ Twitter Board အဖွဲ့ဝင်တစ်ဦးက ရေးသားခဲ့ပါသေးတယ်။

Elon အနေနဲ့ တစ်ကယ့် Genius ဖြစ်ပြီး၊ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့လုပ်ရပ်တွေက စိတ်ဓာတ်ရေးပိုင်းဆိုင်ရာ၊ လူမှုစည်းကမ်းပိုင်းဆိုင်ရာတွေမှာ ဖောက်ပြန်ပြီး မူမမှန်သူလို့ ဝေဖန်ခံနေရပြီး လူမှုရေးရှုပ်သူ၊ ကတုံးပေါ်ထိပ်ကွက်သူလို့ပြောခံနေရပါတယ်။ ခုလည်း Public Stunt လုပ်ပြီး Twitter မှာတင်နေတာတွေကလည်း တစ်ကယ်လို့ တရားရှုံးသွားခဲ့ရင် Jonny Depp လိုမျိုး လူထုအားပေးမှုနဲ့ အရှုံးဒဏ်ကို ကာမိအောင်လုပ်နေတာလို့ တစ်ချို့ကလည်း သုံးသပ်နေကြပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Default End-to-End Encryption ပါဝင်လာပြီဖြစ်တဲ့ Messenger

Next
Next

Status Bar မှာ Battery Percentage ပြန်ထည့်ပေးမယ့် iOS 16 Beta