Default End-to-End Encryption ပါဝင်လာပြီဖြစ်တဲ့ Messenger
အရင်တုန်းကတည်းက လိုချင်ခဲ့တဲ့ Feature တစ်ခုဖြစ်တဲ့ End-to-end encrytion ကို Messenger မှာမြင်ရပါပြီ။ ဒါပေမယ့် Meta အနေနဲ့ စာတွေကိုအရင်လိုကြားဖြတ်နားထောင်ဦးမလားဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ End-to-end encryption ကို Messenger ရဲ့ Normal Chat တိုင်းမှာပဲ ထည့်သွင်းပေးတော့မှာပါ။ ဒီလုပ်ဆောင်ချက်ကို နောက်နစ်အတွင်းလူတိုင်းအသုံးပြုလို့ရအောင်လည်း ပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။
လောလောဆယ်မှာတော့ Facebook အနေနဲ့ Messenger အသုံးပြုသူတိုင်းကို end to end encryption အသုံးပြုမလားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်အောင် Option ပြုလုပ်ပေးထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် Chat တိုင်းကို End-to-end encryption အဖြစ်ပြောင်းတယ်ဆိုတာ ကိစ္စအကြီးကြီးဖြစ်ပါတယ်။ နည်းပညာပိုင်းအရ အများကြီးပြင်ဆင်ရသလို ကမ္ဘာ့တစ်ဝှမ်းနဲ့ချီ လူဦးရေဘီလီယံနဲ့ချီပြီး သုံးနေတဲ့ Service တစ်ခုကိုပြောင်းလဲရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါ့အပြင် End to End Encryption ဟာ ဒုစရိုက်တွေကို နှိမ်နှင်းဖို့ အတားအဆီးဖြစ်တယ်ဆိုတဲ့ အစိုးရအချို့ရဲ့အဆိုကိုလည်း ဆန့်ကျင်ရာရောက်ပါတယ်။ Facebook တရားဝင်အဆိုအရ End to End Encryption ကိုသုံးမယ်ဆိုရင် Facebook ကိုယ်တိုင်ရော၊ ကြားဖြတ် Hacker တွေနဲ့ အစိုးရထောက်လှမ်းရေးတွေပါ အသုံးပြုသူတွေရဲ့ စာတွေကိုကြားဖြတ်လို့ မရတော့ပါဘူး။
ပြီးခဲ့တဲ့နှစ်တွေကတည်းက Meta ကိုယ်တိုင် သူတို့ရဲ့ Platfom တွေမှာ End to End encryption တွေကိုထည့်သွင်းနေခဲ့ပြီး WhatsApp လိုမျိုး App ဆိုရင် ထွက်လာကတည်းက End to End ဖြစ်ပြီး၊ လောလောဆယ် Instagram နဲ့ Messenger ကိုလည်း လုံခြုံရေးအသားပေးလာပြီဖြစ်ပါတယ်။ Messenger မှာလည်း လောလောဆယ် Disappearing Message လို့ခေါ်တဲ့ End to End ကို လောလောဆယ် ပေးသုံးထားပါသေးတယ်။
ဒါ့အပြင် Facebook အနေနဲ့ Secure Storage လို့ခေါ်တဲ့ Messenger Chat History တွေကို လုံခြုံစွာသိမ်းထားနိုင်မယ့် Cloud Storage ကိုလည်း တီထွင်နေပြီး နောက်ပိုင်းမှာ Chat Message တွေကို အသုံးပြုသူအချင်းချင်းပဲ မြင်ခွင့်ပေးထားပြီး Report မလုပ်မချင်း Facebook ကိုယ်တိုင်ပါ မြင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
Ref : The Verge