Status Bar မှာ Battery Percentage ပြန်ထည့်ပေးမယ့် iOS 16 Beta

Apple အနေနဲ့ Notch ပါတဲ့ ဖုန်းတွေဖြစ်တဲ့ iPhoneX Series တွေကစလို့ Battery Percentage ကို Status Bar မှာဖြုတ်ပစ်ခဲ့ပေမယ့် iOS 16 Beta မှာတော့ ဒီလုပ်ဆောင်ချက်ကို ပြန်ထည့်ပေးတော့မယ်လို့ ကြေငြာထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ အရင်လို Battery Percentage ကို Battery icon ဘေးကပ်ရက်မှာပြန်မြင်ရတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ iPhone 11, iPhone 12mini, iPhone 13mini တို့မှာတော့ ဒီလုပ်ဆောင်ချက်မပါဝင်သေးပါဘူး။

ဒီ Feature ကိုသုံးချင်တဲ့ သူတွေအနေနဲ့ကတော့ iOS 16 Beta ကိုဒေါင်းလုပ်လုပ်ထားဖို့လိုပြီး Setting ထဲက Battery Menu ထဲမှာသွားရောက်ပြီး Battery Percentage ကိုဖွင့်ပေးဖို့လိုပါတယ်။ လောလောဆယ်မှာတော့ Battery icon ကို အစိမ်းရောင်အဖြစ်ပဲမြင်ရနိုင်ပြီး အထဲမှာ Percentage ကိုမြင်ရမှာပါ။ Battery 20% အောက်ရောက်သွားရင်တော့ အနီရောင်အဖြစ်ပြောင်းသွားမှာပါ။ အားသွင်းနေစဥ်မှာတော့ လျှပ်စစ် icon လေးက ဘေးမှာပေါ်နေမှာပါ။

လောလောဆယ်မှာတော့ ဖုန်း Battery icon ကို Customized လုပ်လို့ရဦးမှာမဟုတ်ပဲ၊ တစ်ချို့အသုံးပြုသူတွေကတော့ Battery. Percentage Indicator က အရောင်ဖျော့တဲ့ Wallpaper တွေနဲ့ဆို မမြင်သာပဲဖြစ်တယ်လို့ဆိုပါတယ်။ Apple အနေနဲ့ဒီပြဿနာကို Contrast မြှင့်ပြီးဖြေရှင်းမလား ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter အရောင်းအဝယ်ဖျက်တဲ့ကိစ္စနဲ့ပတ်သတ်လို့ တရားဝင်ငြင်းဆိုချက်ထုတ်ထားပြီဖြစ်တဲ့ Elon Musk

Next
Next

Aesthetic ဆန်ဆန် Short Videoတွေ၊ Reels တွေဖန်တီးမယ်ဆိုရင်