Twitter ကိုဝယ်ပြီးတဲ့နောက် ဆက်တိုက်စနောက်နေတဲ့ Elon Musk
ဘီလီယျံနာ Elon Musk အနေနဲ့ Twitter ကိုဝယ်ပြီးတဲ့နောက်မှာရော၊ မဝယ်ခင်ကရော သူရဲ့ Follower တွေအနေနဲ့ Twitter မှာစနောက်နေကြပါတယ်။ Twitter ကိုလွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့နေရာဖြစ်ဖို့နဲ့ နိုင်ငံရေး လွှမ်းမိုးမှုကင်းဖို့ Elon ကြီးကလုပ်မယ်လို့ ပြောထားပါတယ်။
Twitter ကိုဝယ်ဖို့ကြိုးစားနေတုန်း Elon ကို လူတိုင်းက သိရိလင်္ကာနိုင်ငံကို အကြွေးတွေချေပေးပြီး ဝယ်လိုက်ဖို့ Twitter မှာဝိုင်းစနောက်ကြပါတယ်။ Elon အနေနဲ့ Twitter ကို 44 Billion ပေးပြီး ဝယ်မယ့်အစား သိရီလင်္ကာကို အကြွေး 35 Billion ဆပ်ပြီး သိမ်းလိုက်ပါလို့ ဝိုင်းဝန်းစနောက်ခဲ့ကြပါတယ််။ သိရီလင်္ကာနိုင်ငံအနေနဲ့ နိုင်ငံတစ်ကာကို ဆပ်ဖို့အတွက် အကြွေးတွေကို မပေးနိုင်တဲ့အတွက် တရားဝင် နိုင်ငံလုံး လူမွဲစာရင်းဝင်ကြောင်း ကြေငြာခဲ့ပါတယ်။
အဲ့ဒီနောက် Elon အနေနဲ့ Twitter ကိုဝယ်ယူခဲ့ပြီး သူရဲ့ Twitter Comment မှာ Coca Cola ကိုဝယ်ယူပြီး Coca Cola စထုတ်တုန်းကလို့ Cocaine ပြန်ထည့်ပေးမယ်လို့ စနောက်ပြီး တင်ခဲ့ရာမှာ Comment မှာ ဝိုင်းဝန်းစနောက်ခဲ့ကြပါတယ်။ ဒါ့အပြင် McDonald ကိုဝယ်ပြီး Ice-Cream စက်တွေကို ပြင်ပေးမယ်ဆိုပြီးလည်း Photoshop ပြီးစနောက်ခဲ့ကြပါတယ်။
Elon အနေနဲ့ Twitter ကိုဝယ်ယူပြီးတဲ့နောက် Twitter ရဲ့ DM မှာ End-to-end Encryption ထည့်သင့်တယ်လို့ စကားစထားပြီး Twitter ကို သုံးရတာ ပျော်ရွှင်ပြီး နိုင်ငံရေး လွှမ်းမိုးမှုကင်းတဲ့ လူမှုဆိုရှယ်မီဒီီယာ တစ်ခုဖြစ်အောင် လုပ်သွားဖို့ စိတ်ကူးတယ်လို့ ဆိုပါတယ်။