Bluetooth SIG Website ပေါ်မှာတွေ့ရတဲ့ Google Pixel Watch

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းက Google Pixel Watch အကြောင်း သတင်းတွေပေါင်းစုံထွက်လာခဲ့ပါတယ်။ ခုတော့ ဒီသတင်းတွေဟာ မှန်ကြောင်း Certification Website မှာ တင်ထားတဲ့ Google Watch ကိုကြည့်ပြီးသိနိုင်ပါတယ်။

Rodan လို့ Codename ပေးထားတဲ့ Search Engine ကြီးရဲ့ Smart Watch ရဲ့ပုံတစ်ချို့ကို မြင်တွေ့ရနိုင်ပါတယ်။ ခုတော့ MySmartPrice လို့ခေါ်တဲ့ Leaker တစ်ဦးက unnamed Googel Device တွေရဲ့ပုံတွေကို Bluetooth SIG certification website မှာတင်ထားတာကိုတွေ့ရနိုင်ပါတယ်။ သတင်းတွေအရတော့ Pixel Watch တွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Bluetooth SIG ရဲ့စာရင်းအရ WearOS Bluetooth Host Subsystem လို့ခေါ်ပြီး Pixel Watch လို့ခေါ်နိုင်ပါတယ်။ အရင်တုန်းကထွက်ခဲ့တဲ့ ပုံတွေအရ စက်ဝိုင်းပုံစံ Display မှာ Bezel သေးသေးလေးနဲ့ထွက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် အနက်နဲ့ ငွေရောင်ဆိုပြီး color 2 မျိုးနဲ့ထွက်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Watchbands အမျိုးအစား ၂၀ လည်းထွက်လာမယ်လို့ဆိုပါတယ်။

ဒါ့အပြင် အထဲမှာ ခေတ်သစ် ကျန်းမာရေးစနစ်တွေဖြစ်တဲ့ ခြေလှမ်းရေတာ၊ နှလုံးခုန်နှုန်းတိုင်းတာ၊ သွေးနဲ့ အောက်စီဂျင်ခြေရာခံတာမျိုးနဲ့အတူ အိပ်ချိန်တွေကို တိုင်းတာပေးတာမျိုးတွေလည််း ပါဝင်ပါတယ်။ နောက်ထပ်ဘာတွေပါလာမယ်ဆိုတာမျိုးတော့ Google ကထုတ်ပြန်ထားခြင်းမရှိပါဘူး။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

TON Cryptocurrency ပို့လို့ရပြီဖြစ်တဲ့ Telegram

Next
Next

Twitter ကိုဝယ်ပြီးတဲ့နောက် ဆက်တိုက်စနောက်နေတဲ့ Elon Musk