Huawei ကိုကျော်တက်လာတဲ့ Honor

၂၀၂၂ ပထမ ၃ လထဲမှာတင် တရုတ်နိုင်ငံအတွင်း ဖုန်းအလုံးရေ ၇၄သန်းကျော် ရောင်းချခဲ့ရပါတယ်။ မနှစ်ကနဲ့စာရင် ၁၄ ရာခိုင်နှုန်းလောက် ရောင်းအားကျသွားပေမယ့် မဆိုးဘူးဆိုရပါမယ်။ လောလောဆယ် တရုတ်မှာ ကိုဗစ်နဲ့ပတ်သတ်လို့ အပြင်ထွက်ခွင့်ပိတ်ထားတာတွေဖြစ်နေတုန်းမှာ ရောင်းအား ဒီလောက်ရှိပါတယ်။

Vivo အနေနဲ့ သူနဲ့စင်ပြိုင် Oppo ကို ဒီနှစ်မှာကျော်တက်ပြီး နံပတ် ၁ ရောင်းအားအကောင်းဆုံးနေရာကို ယူထားပါတယ်။ ဒါပေမယ့် ဈေးကွက်မှာတော့ ၁၉.၇ ရာခိုင်နှုန်း ရှဲလ်ယာဈေးကျသွားပါတယ်။ Selfie အသားပေး Vivo S12 နဲ့ S12 Pro တို့လို Mid-range ဖုန်းတွေနဲ့ တန်ဖိုးသင့် Y Series တွေအနေနဲ့ Vivo ရဲ့ရောင်းအားကို မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Oppo ကတော့ ဒုတိယနေရာမှာ ၁၈ ရာခိုင်နှုန်း ရောင်းအားကျပြီး ရပ်တည်လျက်ရှိပါတယ်။ ဒါပေမယ့် iPhone ထပ်တော့ ရောင်းအားများနေပါသေးတယ်။ တရုတ်မှာ iPhone ရောင်းအား ၁၈ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ဆိုပါတယ်။ iPhone 13 ဟာ တရုတ်မှာ ရောင်းအားအကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။ Huawei ရောင်းအားကျသွားပြီး အမြတ်အများဆုံးရသွားတာ Apple ဖြစ်တယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Honor အနေနဲ့ကတော့ ဈေးကွက်ပိုင်းမှာ အများကြီး တန်ဖိုးတက်မလာပေမယ့် ရောင်းအားကတော့ တစ်နှစ်ထက်တစ်နှစ် တက်လာပါတယ်။ Honor 60, Honor 6SE တို့ဟာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားတက်လာရုံမက 2021 နဲဲ့စာရင် တော်တော်လေးကို ရောင်းနေရတဲ့ Brand တစ်ခုဖြစ်ပါတယ်။

Apple နဲ့ Honor အနေနဲ့ ဒီနှစ်မှာ Xiaomi ကိုကျော်တက်ပြီး Xiaomi ဟာ ဒီနှစ်မှာတော့ ၅ နေရာမြောက်ကို ရောက်နေပါတယ်။​ လူတွေအနေနဲ့ Redmi K40 နဲ့ Note 11 တွေကို ဝယ်ယူမှုတော့ ရှိနေဆဲလို့ သိရပါတယ်။ Redmi 9A လိုဈေးသက်သာတဲ့ ဖုန်းတွေ တွေလည်း ရောင်းကောင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ မကြာသေးခင်က ထွက််ထားတဲ့ Redmi K50နဲ့ Redmi 10A တို့ဟာလည်း ရောင်းကောင်းလာဖို့ မျှော်လင့်ရပါတယ်။

Counterpoint ရဲ့ စာရင်းဇယားတွေအရ Premium Fold ဖုန်းတွေရဲ့ ရောင်းအားဟာ ၁ ရာခိုင်နှန်းသာရှိပြီး ဈေးဟာအရမ်းမြင့်တာ၊ ခုချိန်ထိ Stable မဖြစ်သေးတဲ့ နည်းပညာတွေကြောင့် သုံးစွဲသူတွေ နည်းနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter ကိုဝယ်ပြီးတဲ့နောက် ဆက်တိုက်စနောက်နေတဲ့ Elon Musk

Next
Next

Pixels တွေအတွက် Android 13 Beta