Twitter Blue Tick $8 ဂယက်

Twitter ကို Elon ဝယ်လိုက်တာကို အားလုံးသိပြီးဖြစ်မှာပါ။ ဝယ်ပြီးတဲ့နောက် Elon ကိုယ်တိုင် ခေါင််းဆောင်ပိုင်းတွေကိုရော၊ Twitter ကုမ္ပဏီတစ်ခုလုံးဗြောင်းဆန်အောင် ဖြုတ်ပြီးလူလျော့တာလည်း သိပြီးဖြစ်ကြမှာပါ။ အဲ့ဒီနောက် Twitter မှာ Blue Ticket ရထားတဲ့လူတိုင်း Blue Tick ဆက်လိုချင်ရင် တစ်လကို $20 ပေးရမယ်လို့ ကြေငြာပြီးနောက် Twitter မှာအုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။

ဒီလုပ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ Twitter ရဲ့ အဓိကဝင်ငွေကို Adsတွေအပေါ် မမှီခိုချင်တာကတစ်ကြောင်းနဲ့ နောက်တစ်ခုကတော့ Blue Mark နဲ့ Blue Mark မပါတဲ့သူတွေကကြားက ကြီးကြီးကျယ်ကျယ် လူတန်းစားကွာဟမှုကို ဖျက်ပစ်ချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ "ပိုက်ဆံပေးရင် လူတိုင်းတန်းတူ သုံးလိုရတယ်၊ ဒါ့အပြင် Retweet နဲ့ Replies လုပ်ရာမှာလည်း Blue Tick ပါတဲ့သူတွေကို ဦးစားပေးဖော်ပြမှာဖြစ်လို့ Spam Comment တွေလည်း ကာကွယ်ပြီးသားဖြစ်မယ်လို့ Elon ကဆိုပါတယ်။

လောလောဆယ်မှာတော့ Twitter မှာ နိုင်ငံရေးသမားတွေ၊ အစိုးရလူကြီးပိုင်းတွေ၊ Celebrity တွေနဲ့ သတင်းသမားတွေပဲ Blue Mark ရထားကြပြီး Twitter Update ထွက်လာရင်တော့ ပိုက်ဆံပေးတဲ့လူတိုင်း Blue Mark ရနိုင်တော့မှာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Battery Performance ပိုကောင်းဖို့ Samsung Galaxy S23 မှာ Light Performance Mode ထည့်သွင်းပေးမည်

Next
Next

နားထောင်ကြည့်သင့်တဲ့ Spotify Playlist