နားထောင်ကြည့်သင့်တဲ့ Spotify Playlist

Spotify လို့ပြောရင် သူရဲ့နာမည်ကြီး Feature တစ်ခုဖြစ်တဲ့ Playlist တွေလည်း အပါအဝင်ပါ။ Vibe တစ်ခုချင်းစီအတွက် Playlist တွေ သန်းနဲ့ချီ ဖန်တီးထားပြီးသားဖြစ်သလို ကိုယ့်ကြိုတ်ကြိုက်နေတဲ့ ရည်းစားလောင်းလေးကိုလည်း Spotify Playlist လေးပေးပြီး ကြောင်လို့ရတယ်နော်။ ( Crush လေးက Spotify သုံးဖို့တော့ လိုတာပေါ့ :3)

ဒီနေ့မှာတော့ Follow ထားသင့်တဲ့ Spotify Playlist တွေကိုမျှဝေပေးလိုက်ပါမယ်။

1. Late Night Vibe by Spotify

ဒါကတော့ Spotify ရဲ့ တရားဝင် Playlist ဖြစ်ပြီး ညဥ့်နက်ချိန်မှာ နားကြပ်လေးတပ်ပြီး Chill လို့ကောင်းတဲ့ Playlist တစ်ခုပါ။ ခေတ်အဆက်ဆက်က သီချင်းပေါင်းစုံ Pop နဲ့ တစ်ခြား Genre တွေလည်းပါဝင်လို့ ညဖက်မှာ နားကြပ်လေး တပ်ပြီး Chill ဖို့ ရွေးချယ်နိုင်ပါတယ်။

2. City Pop by aofd3

ဒါကတော့ မြူးကြွကြွဖြစ်ပြီး မနက်တိုင်း ကျွန်တော် ဖွင့်ထားနေကြ Japan City Pop Playlist ဖြစ်ပါတယ်။ မြူးကြွကြွနဲ့ မနက်ခင်းအတွက် ကျွန်တော့်အကြိုက် ရွေးချယ်ပေးချင်ပါတယ်။

3. Lofi Coders by 1337 Studios

Lofi နဲ့ Cozy ဆိုတာမျိုးကြိုက်လို့ စာလုပ်ဖြစ်တဲ့အခါ၊ အလုပ်လုပ်နေတဲ့အချိန် ဖွင့်ထားဖြစ်တဲ့ Playlist ပါ။ Lofi Vibe ဖြစ်တော့ နွေးနွေးထွေးထွေး အချိန်တိုင်းနားထောင်ဖြစ်ပါတယ်။

4. Natural Sounds by Spotify

ဒါကတော့ သဘာဝမိုးရွာသံ၊ ရေစီးသံ၊ လှိုင်းသံနဲ့ white noise လို့ခေါ်တဲ့ Stres ဖြေပေးတဲ့ Spotify Playlist တစ်ခုပါ။ ညဖက်ပင်ပန်းလို့ အိပ်မပျော်ရင် နားကြပ်နဲ့ဖြစ်ဖြစ်၊ Speaker ကောင်းကောင်းနဲ့ဖြစ်ဖြစ် တိုးတိုးလေးဖွင့်ထားလိုက်ရင် အိပ်ပျော်သွားလို့ Recommand ပေးပါတယ်။

5. Moe by iKey

ကျွန်တော်ကိုယ်တိုင်က မိုးရာသီကိုကြိုက်တာတစ်ကြောင်း၊ မိုးရာသီမှာ အမှတ်တရတွေ ရှိတတ်တာများလို့ မြန်မာလို မိုးသီချင်းတွေစုထားတဲ့ ဒီ မိုး Playlist ကလည်း အကြိုက်ထဲမှာပါပါတယ်






Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter Blue Tick $8 ဂယက်

Next
Next

Camera Lens တွေတပ်ပြီး ဓာတ်ပုံရိုက်နိုင်မယ့် Concept ဖုန်းထုတ်ပြလိုက်တဲ့ Xiaomi