Battery Performance ပိုကောင်းဖို့ Samsung Galaxy S23 မှာ Light Performance Mode ထည့်သွင်းပေးမည်

ဆမ်ဆောင်းတွေမှာ Battery ကအမြဲတစ်ခုမဟုတ် တစ်ခုပြဿနာက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထွက် ဆမ်ဆောင်းတွေမှာတော့ Battery Performance ကိုအတော်လေး ဂရုစိုက်လာတာသိသာပါတယ်။ သတင်းတွေအရ Samsung S23 နဲ့ S23+ မှာ Battery Capacity ကိုပိုကြီးပေးလာမယ်လို့ သိရပါတယ်။ S23 မှာ 3900mAh, S23+ မှာ 4700mAh အဖြစ်တိုးပေးသွားမှာမို့ အတော်လေး များတဲ့ပမာဏဖြစ်ပါတယ်။ S23 Ultra က မနှစ်က Model အတိုင်းမပြောင်းပဲ 5000mAh ပဲထည့်ပေးဦးမယ်လို့ သိရပါတယ်။ အသစ်ဖြစ်သွားတာကတော့ Battery Capacity ပိုခံအောင် Light Performance Mode ကိုထည့်ပေးသွားမယ့် ကိစ္စပါ။

Light Performance ဆိုတာက Standard Mode မှာ Performance နဲ့ Battery Life ကို balance လုပ်ပေးပေမယ့် Light မှာတော့ လုံးဝ Battery အသားပေးပြီး Run မှာဖြစ်ပါတယ်။ ဒါပေမယ့် Power Saving Mode လိုမျိုးလည်း မဟုတ်ပြန်ဘူးလို့ ဆိုပါတယ်။ Light Mode ကြောင့် ​Game Performance လည်းမထိပါဘူး။ S23 Series မှာသုံးမယ့် Snapdragon 8 Gen 2 ဟာ Gen 1 ထက် Power Efficieny ပိုဖြစ်တာကြောင့်လည်း Light Mode ကိုသုံးနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့တော့ Battery Capacity လည်းပိုကြီးလာပြီး Performance လည်းပိုကောင်းလာမယ်ဆိုတော့ S23 Series ကBattery Performance ကြိုက်သူတွေအတွက် အတော်လေး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Z-library Site ဖြုတ်ချခံရ

Next
Next

Twitter Blue Tick $8 ဂယက်