Twitter Blue Check ပြုတ်သွားတဲ့ Beyoncé နဲ့ Ronaldo

Elon Musk အနေနဲ့ Twitter ကနေပိုက်ဆံရှာဖို့ကြိုးစားဖို့ အရင်က Verified လုပ်တာနဲ့ အခမဲ့ပေးတဲ့ Twitter Blue Check တွေကိုလစဥ်ကြေးကောက်ပြီး ရောင်းခဲ့ပါတယ်။ Blue Check လိုချင်ရင် အကောင့်တစ်ခုကို နှစ်စဥ် ၈၄ ဒေါ်လာပေးရမှာပါ။

Twitter ရဲ့ Ads တွေပေါ်ကရတဲ့ဝင်ငွေကနေ Subscription Business Model အသစ်ကို ပြောင်းတဲ့အခါ မကျေနပ်ကြတာတော့ Celebrity အများစုဖြစ်ပါတယ်။ အနောက်နိုင်ငံအများစုက Celebrity နဲ့ Public Figure အများစုဟာ Twitter ကို Main Social Media အဖြစ်သုံးကြတဲ့အခါ ပိုက်ဆံပေးမှ Verify ဖြစ်မယ်ဆိုတဲ့ ကိစ္စကို မကျေနပ်ကြလို့ ပွဲတွေလည်းဖြစ်ခဲ့ပါတယ်။

ခုအခါမှာတော့ Cristiano Ronaldo နဲ့ Beyoncé တို့ Twitter အကောင့်တွေမှာ Twitter Blue Check မရှိတော့ပါဘူး။ အဲ့တော့ အကောင့်အတုတွေနဲ့ အစစ်တွေကြားခွဲခြားနိုင်ဖို့မှာ Follower အရေအတွက်ကိုကြည့်ပြီး ခွဲရတော့မှာပါ။

Free Speech ကို Promote လုပ်ဖို့ကြိုးစားတဲ့အခါ Fake News တွေပါလာနိုင်ကြောင်း၊ ခုလို Blue Mark ရောင်းစားတဲ့အခါ အကောင့်တုတွေက သတင်းအတုတွေဖြန့်လာနိုင်ကြောင်းကို သတင်းသမားတွေက ဝေဖန်ခဲ့ပါတယ်။ Twitter Blue Check စတင်ရောင်းချချိန်တုန်းက အမေရိကန်အမျိုးသမီးအမတ်ဟောင်း Hillary Clinton ပုံစံဟန်ဆောင်ထားတဲ့ Blue Check အကောင့်တုတစ်ခုကနေပြီး နိုင်ငံရေးလောကထဲပြန်ဝင်မယ်ဆိုပြီး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသေးတယ်။

Elon Musk လုပ်လိုက်ရင်တော့ နေရာတစ်ကာပွဲတွေကြီးပါပဲ..

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကုဒ်ကူရေးတော့မယ့် Google Bard

Next
Next

DVD ခွေမှသည် Cloud ပေါ်သို့