ကုဒ်ကူရေးတော့မယ့် Google Bard

ကုဒ်ကူရေးမယ့် လုပ်ဆောင်ချက်ကို Bard မှာထည့်လိုက်ပြီလို့ Google ကတော့ကြေငြာလိုက်ပါတယ်။ ကူရေးပေးနိုင်မယ့် Programming language ပေါင်း ၂၀ ကျော်တယ်လို့သိရပါတယ်။ အပိုဆုအနေနဲ့ Google Sheet ထဲမှာ Function တွေကူလုပ်ပေးနိုင်မယ့် စွမ်းဆောင်ချက်တွေလည်း ပါလာဦးမှာပါ။

ကုဒ်တွေရေးခိုင်းဖို့တင်မဟုတ်ပဲ Debugging လုပ်ခိုင်းတာ၊ ကုဒ်တွေရှင်းပြခိုင်းတာလည်းလုပ်လိုရဦးမှာပါ။ C++, Go, Java, JavaScript, Python, နဲ့ TypeScript အပါအဝင် တစ်ခြား Programming Language တွေလည်းပါဝင်သလို Python Code တွေကို Google Colab ပေါ်မှာတစ်ခါတည်း စမ်းသပ်နိုင်ပါတယ်။

Google Bard နဲ့ ChatGPT ရဲ့ကွာခြားချက်တစ်ခုဖြစ်တဲ့ Draft (မိမိမေးခွန်းအပေါ် အခြား Idea အသစ်တစ်ခု)တွေလည်းပိုကောင်းလာတယ်လို့ Beta Tester တွေကပြောနေတာတွေလည်းရှိပါတယ်။

ChatGPT လောက် Feature လုပ်နိုင်စွမ်းမရှိသေးပေမယ့် Google Bard လည်း ဖြေးဖြေးမှန်မှန်လိုက်လာနေပါတယ်။

Ref : AndroidAuthority

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

EV တွေရဲ့ အနာဂတ်ဖြစ်တဲ့ Silicon Battery များ

Next
Next

Twitter Blue Check ပြုတ်သွားတဲ့ Beyoncé နဲ့ Ronaldo