DVD ခွေမှသည် Cloud ပေါ်သို့

နာမည်ကြီး Video Streaming Service တစ်ခုဖြစ်တဲ့ Netflix ဟာ အနောက်နိုင်ငံမှာ DVD ခွေတွေကိုပါငှားရမ်းပေးတဲ့ Service ရှိပါတယ်။ စာတိုက်တွေသေချာအလုပ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက် အိမ်တိုင်ရာရောက် စာတိုက်ကနေ DVD ပို့ပေးတာမျိုးပါ။ ခုတော့ လူတိုင်းက Internet ကနေပဲ Streamကြည့်ကြတော့တဲ့အတွက် DVD လုပ်ငန်းကို အကျိုးအမြတ်မရတော့တာမို့ ပိတ်ချတော့မယ်လို့ Netflix ကထုတ်ပြန်လိုက်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုလောက်က DVD တွေခေတ်စားခင်ကအချိန်ကို လွမ်းမိပါတယ်။ အင်တာနက် နေရာတိုင်းမရသေးတဲ့အချိန်၊ ရထားတဲ့အင်တာနက်ကလည်း Video Stream ဖို့နေနေသာသာ ပုံတစ်ခုကြည့်ဖို့ မိနစ်နဲ့ချီစောင့်ရတဲ့ကာလမှာ နိုင်ငံတစ်ကာဇာတ်လမ်းတွေကို ခိုးကူးခွေတွေကို စောင့်မျှော်ကြည့်ရှုခဲ့ရတာ ငယ်ဘဝပါပဲ။ တစ်လွဲမြန်မာစာတမ်းထိုးတွေ၊ 480P လောက် Resolution နဲ့ဇာတ်လမ်းခွေတွေ၊ ၁၀၀၀ ဖိုး ၃ ခွေဆိုတာမျိုးတွေကို အသည်းအသန်တိုးကြည့်ခဲ့ရပါတယ်။

Steaming တွေခေတ်ကောင်း၊ Internet လူတိုင်းသုံးနိုင်၊ Internet Speed ကလည်း ကောင်းလာတဲ့အချိန်မှာတော့ DVD Player တွေလည်း မှေးမှိန်လာပြီး ဖုန်းနဲ့ Personal Computer တွေပဲ အသုံးများကြပါတော့တယ်။

Netflix CEO ကတော့ သူတို့ရဲ့ Streaming Service ရှိနေပေမယ့်လည်း DVD Service ကိုခုချိန်ထိသုံးပေးခဲ့တဲ့ Customer တိုင်းကိုကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး September 29 2023 ရက်နေ့မှာ နောက်ဆုံး Shipment တွေပြုလုပ်ပြီးရင် Netflix DVD လုပ်ငန်းကိုအပြီးတိုင်ရပ်နားတော့မှာဖြစ်ပါတယ်။

Ref : AndroidAuthority

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter Blue Check ပြုတ်သွားတဲ့ Beyoncé နဲ့ Ronaldo

Next
Next

Angry Birds လည်း ဂျပန်ရောက်သွားပြီ