Cyber Monday is now!!!

Black Friday ဆိုရင် လူကြီး၊ လူငယ် ကျား၊မ မရွေးသိကြမှာပါ။ Product လိုင်းပေါင်းစုံက Brand ပေါင်းစုံဟာ Black Firday မှာ Sale ချကြပါတယ်။

Cyber Monday ကလည်း ထို့နည်းတူ Sale ချကြတဲ့နေ့ပါ။ ဒါပေမယ့် Black Friday နဲ့မတူတာက Cyber Monday မှာတော့ IT နဲ့ပတ်သတ်တဲ့ Product တွေ၊ Service တွေပဲ Sale ရှိတာဖြစ်ပါတယ်။ ဥပမာပြောရရင် Phone တွေ၊ Computer ပစ္စည်းတွေ၊ နားကြပ်တွေ၊ Netflix အကောင့်တွေ၊ VPN တွေ၊ Domain Name တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အနောက်နိုင်ငံတွေလောက် အရမ်းကြီးမတွင်ကျယ်သေးပေမယ့် Cyber Monday မှာ အိမ်နီးချင်းထိုင်းနိုင်ငံကနေ မှာယူသူတွေတော့ရှိပါတယ်။ Cyber Monday ဟာ နှစ်စဥ် ဒေါ်လာ သန်းထောင်ချီပြီး ဝယ်ယူမှုတွေရှိကြသလို၊ ကမ္ဘာ့ ဒုတိယ Online ပေါ်က ဝယ်ယူမှုအများဆုံး ပြုလုပ်ကြတဲ့နေ့ဖြစ်ပါတယ်။ ပထမအများဆုံးနေ့က Black Friday ပါ။ ဒီနှစ်မှာလည်း Cyber Monday ကတစ်ခြားနိုင်ငံတွေမှာ အလုအယက် ဝယ်နေကြပါပြီ။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Twitter ကို App Store ကနေ ဘန်းလိုက်ရင် ကိုယ်ပိုင်ဖုန်းထုတ်ပစ်မယ်လို့ Elon Musk ပြော

Next
Next

တရုတ်က iPhone ထုတ်လုပ်ရေး ကုမ္ပဏီမှာ အလုပ်သမားပြဿနာတက် iPhone 14 ထုတ်လုပ်မှု ပိုနှေးသွားနိုင်