TSMC ရဲ့ 3 Nanometer Chip တွေကို 2023၊ 2 Nanometer ကို 2025 မှာတွေ့ရနိုင်ဖွယ်ရှိ
ထိုင်ဝမ်မှာရှိတဲ့ Semiconductor အကြီးအကျယ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ TSMC အနေနဲ့ သူတို့ရဲ့ Chip Development Timeline ကို ထုတ်ပြန်ထားလိုက်ပါတယ်။ Timeline အရ 3nm chips တွေကို ၂၀၂၃၊ 2nm ကို ၂၀၂၅ မှာထုတ်သွားမယ်လို့ ဆိုပါတယ်။
3nm chips တွေကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားပြီး နောက်နှစ်ထဲမှာ ထုတ်လုပ်သွားမှာဖြစ်သလို၊ 2nm ကိုတော့ 2025 ခုနှစ်မှာ အသင့်ဖြစ်အောင့် တီထွင်သွားမယ်လို့ တရားဝင်ပြောကြားခဲ့တာပါ။ 3nm chips တွေအနေနဲ့ ပိုစွမ်းဆောင်ရည်ကောင်း၊ ပိုမြန်၊ ပိုပြီးအားကုန်သက်သာ လာမယ်လို့ဆိုပါတယ်။
2nm အတွက်ကတော့ Performance ကို 10% ကနေ 15% ပိုမြန်လာအောင် Boost ထားပြီး Power Comsumption ကိုလည်း 25% ကနေ 30% ထိလျော့ကျစေနိုင်မှာဖြစ်ပါတယ်။ကျန်တဲ့ Performance တွေကတော့ အနည်းငယ်စီ ပိုမြန်လာပြီး 3nm နဲ့ အများကြီးမကွာပဲ အတူတူပဲလို့ဆိုပါတယ်။
လောလောဆယ် Flagship ဖုန်းတွေအများစု သုံးနေတဲ့ Snapdragon 8 Gen 1 Plus ကတော့ 4nm Model ဖြစ်ပါတယ်။ ပြိုင်ဖက် Samsung အနေနဲ့လည်း 3nm chips တွေကို 2022 မှာ အကြီးအကျယ်ထုတ်လုပ်သွားဖို့ ရှိပြီး 2025 မှာ 2nm Chips တွေထွက်လာဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။
Ref : GSMArena