Meta ရဲ့ VR World ထဲမှာ Designer အဝတ်တွေစတင်ရောင်းချ
Meta ရဲ့ VR Platform ပေါ်မှာ ပထမဆုံးဝင်ငွေရှာဖို့အနေနဲ့ စတင်လိုက်တဲ့ စီးပွားရေးကတော့ Designer အဝတ်အစားတွေရောင်းချတာပဲဖြစ်ပါတယ်။ Virtual World ထဲက ကိုယ့်ရဲ့ Avatar ကို အဝတ်တွေဆင်ပေးနိုင်မယ့် ဒီအခွင့်အရေးမှာ အပြင်လောကမှာ လူတိုင်းမတတ်နိုင်တဲ့ ဒီဇိုင်နာအဝတ်တွေကို ဝတ်နိုင်တော့မှာပါ။
ဒါ့ပေမယ့် သတင်းဆိုးကတော့ Designer အဝတ်အစားဆိုပေမယ့် Reder တွေကမကောင်းတာကြောင့် ကြည့်ရတာတော့ မျက်လုံးထဲလှနေမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီဇိုင်နာအဝတ်အစားတွေကို Facebook, Instagram, Messenger အသုံးပြုသူတိုင်း ဝယ်ယူနိုင်မှာပါ။ ပထမဆုံး ဒီဇိုင်နာ ဘဥရန်းအဖြစ််ပါဝင်လာမှာကတော့ Prada, Balenciaga, Thom Browne တို့ပဲဖြစ်ပါတယ်။ Hoodie, outfit အစုံလိုက်, Formal Suit တို့ပါဝင်ပါတယ်။ Meta CEO Mark Zuckerberg ကတော့မကြာခင်မှာ တစ်ခြားနာမည်ကြီး ဘရန်းတွေလည်း ပါဝင်လာမယ်လို့ ပြောထားပါတယ်။
Luxury Brand လူသုံးကုန်တွေအနေနဲ့ နာမည်ကြီး Game တွေ၊ Social Platform တွေနဲ့ချိတ်ဆက်ပြီး ပိုမိုလူသိများအောင်ပြုလုပ်နေတာကြာပြီဖြစ်ပါတယ်။ ဂိမ်းတွေထဲမှာ ဂိမ်းဇာတ်ကောင်အတွက် အဝတ်အစားတွေကို နာမည်ကြီးအဝတ်အစား ဘရန်းတွေနဲ့ချိတ်ဆက်ပြီး ရောင်းချတာတွေ၊ အဆိုတော်တွေ၊ နာမည်ကြီး Celebrity တွေနဲ့ချိတ်ဆက်ပြီး Marketing လုပ်နေတာတွေခုနောက်ပိုင်း အတော်လေး ခေတ်စားလာပါတယ်။
Ref : The Verge