USB-C ပါဝင်သည့် iPhone 12 Pro Max ရောင်းချသွားမည်

DEEP လို့ခေါ်တဲ့ Slovakian ကုမ္ပဏီတစ်ခုဟာ Apple iPhone 12 Pro Max ကို USB-C port အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ USB-C ဆိုတာ Apple ဖုန်းတွေမှာ ပါသင့်တာကြာပြီဖြစ်သလို၊ Apple သုံးတဲ့သူတိုင်းလည် မျှော်လင့်နေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ Apple Mac နဲ့ iPad တွေမှာ USB-C တွေရနေတာကြာပြီဖြစ်ပေယ့် USB-C port ပါဝင်တဲ့ iPhone X ကိုတော့ eBay မှာ $86,000 နဲ့ရောင်းနေတာတော့ရှိပါတယ်။

DEEP အနေနဲ့ 12 Pro Max ကို USB-C ပြောင်းလဲပုံကို Video နဲ့ရှင်းပြထားပါတယ်။ ဖုန်းကို တစ်စစီဖြုတ်ပြီး Lighting Port ကိုဖြုတ်တာကစတင်ပြီး USB ကိုတပ်ဆင်ဖို့ Frame ကိုတိုင်းတာတွေ အထဲမှာ ပြန်တပ်ဖို့နေရာချတာတွေကို အဆင့်ဆင့်ပြထားပါတယ်။ အဲ့နောက်မှာတော့ Original Mfi ကိုပြန်တပ်ပြီး ဖုန်းကို တစ်စစီပြန်တပ်ပုံကိုလည်း ပြထားပါတယ်။ ဒါ့အပြင် USB-C နဲ့ကိုက်ညီမယ့် Frame ကိုလည်း 3D Print ထုတ်ပြီး တပ်ပေးထားပါတယ်။

USB-C ပြောင်းထားတဲ့ iPhone မှာ အားသွင်းရုံတင်မကပဲ Data နဲ့ Connectivity အတွက်လည်း အဆင်ပြေပြေသုံးနိုင်တယ်လို့ ပြောထားပါတယ်။ iTunes နဲ့ Mac နဲ့ချိတ်တဲ့အခါမှာလည်း အဆင်ပြေပြေသုံးနိုင်တယ်လို့ဆိုပါတယ်။ အားသွင်းတဲ့အခါမမှာလည်း USB-A to USB-C သို့မဟုတ် USB-C to C ကြိုက်သလို သွင်းလို့ရတယ်လို့ ပြောထားပါတယ်။ Original Lighting နဲ့အားမသွင်းရင် ဘာတွေဖြစ်မယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Apple နဲ့ DEEP အနေနဲ့လည်း ဘယ်လိုဆက်နွယ်မှုရှိနေလဲဆိုတာ မသိရပါဘူး။

USB-C 12 Pro Max ကို eBay မှာ လေလံတင်မှာဖြစ်ပြီး USB-C Port ပါဝင်တဲ့ ဒုတိယ iPhone ဖြစ်လာမှာပါ။ လေလံဒိတ်ကတော့ Feb 24 ကနေစတင်ပြီး March 6 ရက်နေ့ထိ လေလံတင်ထားမယ်လို့ သိရပါတယ်။ USB-C တပ်လိုက်တဲ့အတွက် 12 Pro Max ရဲ့ IP rating ကိုထိလိုက်မလားဆိုတာလည်း မသိရသေးပါဘူး။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

realme က အရေအတွက်များစွာထုတ်လုပ်သွားမည့် realme GT Neo 3 စမတ်ဖုန်းတွင် ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာကို ထုတ်ဖော်ပြသ

Next
Next

Donald Trump ရဲ့ Truth Social-Media ဆိုတာဘာလဲ?