TOYOTA, SUZUKI, DAIHATSU တို့ပူးပေါင်းပြီး Mini-Commercial Electric Vans ထုတ်လုပ်မည်

ဂျပန်ရဲ့ Motor Giant ကြီးတွေဖြစ်တဲ့ TOYOTA, SUZUKI, DAIHATSU တို့ပူးပေါင်းပြီး Mini Commercial Van ထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။ အဆိုပါ Model ကိုအခြေခံပြီး နောက်ထွက်လာမယ့် Mini Commercial Vans တွေကိုဆက်ထုတ်သွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီတစ်ခုချင်းစီအတွက် Design နဲ့ Version တွေကွဲသွားမယ်ဆိုပေမယ့် ပုံစံတွေ အခြေခံသဘောတရားတွေက အတူတူဖြစ်မှာပါ။

တစ်ကမ္ဘာလုံးက EVs ထုတ်လုပ်သူတွေ လာရောက်ပြသလေ့ရှိတဲ့ Japan Automobile Manufacturers Association နဲ့ the G7 Hiroshima Summit မှာ TOYOTA ထုတ်ပြန်လာတဲ့ Early Model တွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ လက်ရှိရှိပြီးသား Hi-Jet ပုံစံတွေနဲ့ ဆင်တူသလိုလိုပါပဲ။

Suzuki နဲ့ Daihatsu ရဲ့ Mini Commercial ကားလောကမှာအောင်မြင်မှုနဲ့ Toyota ကတော့ EVs နည်းပညာကို အဓိကထောက်ပံ့ပြီး ဒီ Project ကိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Mini Commercial Vans တွေကို နေ့စဥ်အသုံးပြုမှုအတွက် လုံလုံလောက်လောက် အသုံးပြုနိုင်အောင် Energy Efficient အဖြစ်ဆုံးဖြစ်အောင် စမ်းသပ်မှုတွေလုပ်ထားပြီး ၂၀၂၅ နှစ်စပိုင်းလောက်မှာ ဈေးကွက်ထဲစသွင်းနိုင်အောင် ကြိုးစားနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မိတ််ဆွေတို့ရော Mini EV Commercial Vans တွေကိုဘယ်လိုမြင်လဲဗျ?

Ref : insiders

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကိုယ်ပိုင် AI တီထွင်နေနဲ့ TikTok

Next
Next

Sony PlayStation Showcase မှာဘာတွေမိတ်ဆက်သွားလဲ?