Sony PlayStation Showcase မှာဘာတွေမိတ်ဆက်သွားလဲ?

အဓိကမိတ်ဆက်သွားတာတွေကတော့ PS5 Games အသစ်တွေ၊ PSVR 2 ရယ်၊ ခုတစ်လောခေတ်စားလာတဲ့ Handheld တွေကိုဖိုက်ဖို့ Project Q Remote Play Handheld ရယ်၊ PlayStation Buds တွေပဲဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ ဒီနှစ်ထဲမှာ ထွက်လာမှာဖြစ်ပေမယ့် ရက်တော့ အတိအကျမသိရသေးပါဘူး။

မိတ်ဆက်သွားတာတွေထဲကမှ ကျွန်တော့်အကြိုက်ဆုံးတစ်ခုကိုပြောပါဆိုရင်တော့ Spiderman 2 လို့ပြောချင်ပါတယ်။ အရင်ဂိမ်းတွေ့နဲ့မတူတဲ့ PlayStyle တွေ၊ ပိုကောင်းလာတဲ့ Fighting Style တွေ လုံးဝကို Fresh Look နဲ့တစ်ကယ်ကို Upgrade လုပ်ထားတဲ့အရသာကို ခံစားရစေပါတယ်။ Zeld ရဲ့ TOTK ပြီးရင် SpiderMan 2 ကို ကျွန်တော့်အကြိုက်ဆုံး Games of 2023 လို့ပဲခံစားရပါတယ်။

ဒါ့အပြင် Stealth action games of all time လို့သတ်မှတ်ထားတဲ့ Metal Gear Solid 3 Remake, Final Fantasy XVI, ပြေးရင်းလွှားရင်း PvP ဆော့ရမယ့် Marathon, 9th-century Baghdad ကိုအခြေခံထားတဲ့ Assassin Creed Mirage, အမြှပ်တွေနဲ့ပစ်လို့ရတဲ့ Foamstars စတဲ့ဂိမ်းတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် PS5 ဂိမ်းတွေကို Handheld နဲ့ဆော့လို့ရစေမယ့် Project Q ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ 8-inch HD screen ရှိတဲ့ ဒီ Handheld ကို PS5 နဲ့ချိတ်ပြီး လက်ကိုင် portable အဖြစ်ဆော့လို့ရနိုင်မှာပါ။

ကဲဘော်ဒါတို့ရော ဘယ်ဂိမ်းတွေကို Hype နေပြီလဲဗျ??

Ref : The Verge

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

TOYOTA, SUZUKI, DAIHATSU တို့ပူးပေါင်းပြီး Mini-Commercial Electric Vans ထုတ်လုပ်မည်

Next
Next

၁ ပေကျော်ထိ လိပ်လို့ရ၊ ခေါက်လို့ရတဲ့ OLED Display Samsung မိတ်ဆက်