ကိုယ်ပိုင် AI တီထွင်နေနဲ့ TikTok

ChatGPT ထွက််လာပြီးကတည်းက ChatGPT based AI တွေအများကြီးထွက်လာတာကို သတိထားမိကြမှာပါ။ Google ကိုယ်တိုင် Bard ကို Launchထားသလို၊ TikTok ကလည်း Tako လို့ခေါ်တဲ့ AI ကိုထုတ်ဖို့အတွက် စီစဥ်နေပြီလို့ သတင်းတက်လာပါတယ်။

လောလောဆယ်မှာတော့ Tako ကို Beta Users တွေနဲ့စမ်းသပ်နေပြီး The Verge မှာ Screenshot တွေတက်လာပါတယ်။ Tako ရဲ့အဓိကရည်ရွယ်ချက်က TikTok အသုံးပြုသူတွေကို သူတို့လိုချင်တဲ့ Content တွေလွယ်လွယ်ကူကူ ပိုရှာလို့ရအောင်၊ သင့်တော်တဲ့ Content တွေကို User တွေလိုက်ပြပေးနိုင်အောင် တီထွင်ထားတယ်လို့ ဆိုပါတယ်။

အသုံးပြုပုံကတော့ User က TikTok မှာ အစားအသောက် Video တစ်ခုကိုကြည့်နေရင်း AI ကိုခေါ်လိုက်မယ်ဆိုရင် အဆိုပါဟင်းရဲ့ ဟင်းချက်နည်းနဲ့ ပါဝင်ပစ္စည်းတွေကို ပြပေးတာမျိုးတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ ခရီးသွား Video တွေကိုကြည့်ရင်း AI သုံးလိုက်ရင် လေယာဥ်လက်မှတ်ဈေးတွေ၊ Hotel Recommendation တွေပြတာမျိုးလည်း လုပ်ပေးနိုင်ပါသေးတယ်။

Tako အတွက် Intellectual Licence တွေလုပ်ထားပေမယ့်လည်း လောလောဆယ်မှာတော့ ဖိလစ်ပိုင်က အသုံးပြုသူတစ်ချို့ပဲသုံးနိုင်ပါတယ်။ တစ်ကယ်တော့ TikTok အနေနဲ့ တစ်ကယ်ကောင်းတဲ့ Algorithm နဲ့ AI ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ခုလို AI နဲ့ Search လုပ်ဆောင်ချက်တွေပါလာရင်တော့ လူငယ်အများစုသုံးနေတဲ့ TikTok အနေနဲ့ ပိုပြီး User တွေကို ဆွဲဆောင်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref : 9to5Mac

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လူ့ဦးနှောက်ထဲ FDA ခွင့်ပြုချက်နဲ့ Computer ထည့်ခွင့်ရသွားပြီဖြစ်တဲ့ Elon Musk

Next
Next

TOYOTA, SUZUKI, DAIHATSU တို့ပူးပေါင်းပြီး Mini-Commercial Electric Vans ထုတ်လုပ်မည်