Torrent ကနေ Streaming လုပ်တာ၊ Download လုပ်တာတွေဟာ Laptop ရဲ့ Storage ကိုထိခိုက်စေသလား?

ဒီနေ့ Torrent မှာ လျောက်မွေနေရင်း Quora မှာစာပိုဒ်လေး တစ်ခုဖတ်မိပါတယ်။ အဲ့တာကတော့ တစ်ခြားဟာ မဟုတ်ပဲ၊ Torrent မှာ Stream တာတွေဟာ Hard Disk တွေ၊ SSD တွေကို Performance ကျလာစေသလားဆိုတဲ့ ဆွေးနွေးချက်ဖြစ်ပါတယ်။

အဲ့တော့ Torrent ဆိုတာ ဘယ်လို အလုပ်လုပ်လဲဆိုတာကို အရင်ပြောပြပါမယ်။ Torrent လုပ်တာဟာ တစ်ကယ်တော့ တရားမဝင်ပါဘူး။ ဘာလို့လဲဆို Torrent မှာရှိတဲ့ Digital Content အများစုက တရားမဝင် ရုပ်ရှင်တွေ၊ Crack App တွေကို မျှဝေတာဖြစ်ကြလို့ပါပဲ။

Torrent ဆိုတာ File တွေကို ကိုယ်တိုင်က Download လုပ်သလို၊ သူများကိုလည်း Dowload လုပ်နိုင်အောင် ကိုယ့်Laptop ကို Server လိုမျိုး ပြန် upload လုပ်ပေးထားတဲ့ Network ကြီးဖြစ်ပါတယ်။ Torrent က File တွေကို Download လုပ်ရာမှာ Torrent Client နဲ့ Download လုပ်ရပြီး Seed လို့ခေါ်တဲ့ ကိုယ်တိုင်ကလည်း ကိုယ့်စက်ကို Server သဘောမျိုး ပြန်ပြီး Upload ပြန်ပေးရတာမို့ Network Speed လိုအပ်ချက်လည်း များပါတယ်။

Storage Device တွေဆိုတာ Data တွေကို Read and Write လုပ်ပြီးသိမ်းတာပါပဲ။ ဒါကြောင့်မို့ ဘယ် Storage တွေပဲဖြစ်ဖြစ် အသုံးဖန်များလာရင် သူရဲ့ Capacity ကကျဆင်းလာတာ ထုံးစံပါပဲ။ ဒါကြောင့်မို့ Torrent လုပ်တာကြောင့် Device Storage ပိုထိတယ် နာတယ်ဆိုတာ မှားယွင်းတဲ့ အယူအဆ တစ်ခုသာဖြစ်ပါတယ်။ ကားမောင်းတာဟာ ကားအတွင်းက အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ကားမောင်းလို့ ကားပျက်သွားတာ လို့ ပြောရရင်တော့ ဒီအယူအဆဟာ အမှားဖြစ်ပါတယ်။ သုံးစွဲရင် ဘယ်ပစ္စည်းမဆို အချိန်နဲ့အမျှ စွမ်းဆောင်ရည် ကျဆင်းတတ်တာမို့ Torrent လုပ်လို့ ထူးပြီး Storage Capacity ပျက်စီးတယ်ဆိုတာ မရှီပါဘူး။

Torrnet လုပ်ခြင်းဟာ တရားမဝင်တာကြောင့် Torrent ကနေပါဝင်လာတဲ့ Software တွေမှာ Storage ကို ပျက်စီးစေတဲ့ Software တွေပါဝင်လာရင်တော့ တစ်ကယ် Storage ကိုပျက်စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် Torrent သုံးတဲ့အခါ သတိထားရမှာက ယုံကြည်ရတဲ့ Torrent Server ကို ရွေးချယ်ဖို့က ပိုပြီး အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အများသုံး Wifi သုံးခြင်း အန္တရာယ်များ

Next
Next

Feeds လို့ခေါ်တဲ့ Tab အသစ် ပါဝင်လာမယ့် Facebook