အများသုံး Wifi သုံးခြင်း အန္တရာယ်များ

ကျွန်တော်တို့ဟာ Wifi ရတဲ့ဆိုင်တွေဆိုရင် အရမ်းထိုင်ချင်ကြပါတယ်။ Very Happy...။ စစ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းက Wifi တွေဟာ Encryption မသုံးတာများပါတယ်။​ ဒါကြောင့်မို့ Public Wifi ကိုသုံးနေတဲ့သူတွေရဲ့ Data တွေနဲ့ Browsing အချက်အလက်တွေဟာ လူတိုင်းမြင်နိုင်ပါတယ်။

၁. ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရနိုင်ပါတယ်
အရင်ဆုံးနဲ့ အများဆုံးဖြစ်နိုင်တာက Wifi ကနေတစ်ဆင့် Login Credetials တွေ၊ Credit Card နံပါတ်တွေ ခိုးခံရနိုင်ပါတယ်။ Hacker တစ်ယောက်က Encrypt မလုပ်ထားတဲ့ Public Wifi Network မှာမွှေချင်သလို မွှေပြီး အချက်အလက်တွေ ခိုးယူသွားဖို့ဆိုတာ သိပ်ပြီး မခက်ခဲပါဘူး။

၂. စီးပွားရေးသမားတွေ အန္တရာယ်များပါတယ်
Public Wifi နဲ့ချိတ််ပြီး Email စစ်လိုက်တာ၊ အရေးကြီးတဲ့ဖိုင်တွေကို ဖွင့်ဖတ်လိုက်တာမျိုး လုပ်တာကို ဖြစ်နိင်ရင် ရှောင်ကျဥ်သင့်ပါတယ်။ ဒီမှာခေတ်မစားသေးပေမယ့် နိုင်ငံခြားတွေမှာ စီးပွားရေးသမားတွေကို Public Wifi တွေကနေတစ်ဆင့် တိုက်ခိုက်တဲ့ သာဓကတွေရှိပါတယ်။

၃. အယောင်ဆောင်ပြီး အချက်အလက်ခိုးယူခြင်း
ဥပမာ - ကိုယ်သုံးနေကျ Wifi နာမည်က AyeAye3232 ဆိုရင် မသမာသူက AyeAye2323 ဆိုပြီး အတုအယောင် Wifi လွှင့်ပြီး ကိုယ်က မသိလိုက်ပဲ တစ်ခြား Wifi ကိုချိတ်မိသွားရင် မသမာသူက သူ့ Network ထဲရောက်သွားပြီမို့ ပြုသမျှ နုရမှာပါ။ အများသုံး Wifi တွေသုံးရင် ဂရုစိုက်ပါ။

၄. ကုဒ်ဖွက်မထားတဲ့ ချိတ်ဆက်မှုများကြောင့် ပြဿနာတက်ခြင်း
အများသုံး Wifi တွေဟာ Encrypt မလုပ်ထားလို့ အများအားဖြင့် အသုံးပြုနေသူတွေ ဘယ် Website ကိုကြည့်နေတယ် ဘာတွေသုံးနေတယ်ဆိုတာ Server မှာ Log တွေကျန်တတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ Browsing Data တွေကို ခိုးယူကြည့်ရှုခံရနိုင်ပါတယ်။

၅. Wifi ကနေတစ်ဆင့် Malware Attack ဖြစ်လာနိုင်ပါတယ်
နောက်တစ်ခုကတော့ Wifi ကနေတစ်ဆင့် Viruses, Worms, Trojan, Ransomware စတဲ့ အဖျက်အမှောင့် Software မှန်သမျှ ကိုယ့်ရဲ့ Device ကိုကူးစက်လာနိုင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အမျိုးသမီးတိုင်း ဆောင်ထားသင့်တဲ့ ​App ၃ ခု

Next
Next

Torrent ကနေ Streaming လုပ်တာ၊ Download လုပ်တာတွေဟာ Laptop ရဲ့ Storage ကိုထိခိုက်စေသလား?