Feeds လို့ခေါ်တဲ့ Tab အသစ် ပါဝင်လာမယ့် Facebook

ဒီနေ့မှာတော့ Facebook အနေနဲ့ သတင်းတွေကို နေ့ရက်အလိုက်ပြပေးမယ့် လုပ်ဆောင်ချက်ပါဝင်တဲ့ Feeds ဆိုတဲ့ Tab အသစ်ကို စမ်းသပ်ထည့်ပေးလိုက်ပါတယ်။ Facebook မှာပုံမှန်ကြည့်နေကြကို Home လို့ခေါ်ပြီး နောက်အသစ်ထွက်လာမယ့် Feeds ကိုတော့ Post တွေကို နေ့စဥ်အလိုက် ရက်စွဲနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။

အရင်တုန်းက Newsfeed ကို အောက်ကိုဆွဲလေလေ အရင်ရက်တွေတုန်းတွေက တင်ခဲ့တဲ့ Post တွေကိုပြလေလေ ဖြစ်တဲ့ Algorithm ကိုပဲပြန်သုံးထားတာဖြစ်ပါတယ်။
The Feeds မှာ သူကိုယ်ပိုင် Filter တွေနဲ့ ပါဝင်လာမှာဖြစ်ပြီး Feeds မှာပေါ်မယ့် သတင်းတွေနဲ့ Post တွေကို သူငယ်ချင်းတွေရဲ့ Post တွေလား၊ Page လား၊ Group လား၊ ဒါမှမဟုတ် See First လုပ်ထားတဲ့သူတွေရဲ့ သတင်းတွေပဲလား ဆိုတာမျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့မှမဟုတ် သူငယ်ချင်းတွေကို စာရင်းလုပ်ထားပြီး သူတို့ရဲ့ Post တွေကိုပဲ ပြစေချင်သလားဆိုတာကို ရွေးချယ်ထားနိုင်ပါတယ်။

ခုလောလောဆယ် Newsfeed ခေါ် Home မှာတော့ အရင်ကလို ဗျောက်သောက် Post တွေပြနေမယ့်အစား Discovery Engine တစ်ခုလို Content အသစ်တွေ၊ Creators တွေရဲ့ Content အသစ်တွေကို ကိုယ့်အကြိုက်အပေါ် AI နဲ့တွက်ထုတ်ပြီး ပြသသွားမှာဖြစ်ပါတယ်။ Feeds နဲ့ Home ရဲ့အားသာချက်ကတော့ Feeds မှာ Home လိုမျိုး Suggest For You Content တွေမြင်ရမှာမဟုတ်ပဲ ကိုယ့် Circle ထဲကသူငယ်ချင်းတွေရဲ့ Post တွေကိုပဲ မြင်ရအောင် ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။

ဒီ Home နဲ့. Feed တို့ကို ဒီနေ့ကနေ စတင်ပြီး နိုင်ငံတစ်ချို့မှာ စတင်ထုတ်ပေးနေပြီဖြစ်ပြီး iOS ရော၊ Android ရောမှာပါ အတူတူ တစ်ပြိုင်နက် ရရှိမယ်လို့ သိရပါတယ်။ ကမ္ဘာ့အနှံံကိုတော့ နောက်တစ်ပတ်ထဲအပြီး ထုတ်ပေးသွားနိုင်ပါတယ်။ တစ်ခြား Shortcut Bars တွေလို ကိုယ်သုံးတဲ့ Behaviour ကိုလိုက်ပြီး Feeds တွေ Home တွေပေါ်လာနိုင်ပေမယ့် ကိုယ်တိုင်လည်း Shortcut bar Editor တွေကို သွားပြီး ပြင်ပေးနိုင်ပါသေးတယ်။ မကြည့်ချင်တဲ့ Suggestion တွေကို မမြင်ရပဲ ကိုယ်ကြည့်ချင်တဲ့ Content တွေကိုပဲ ကြည့်နိုင်တယ့် Feature ပါလာလာတော့ အချိန်အကုန်ခံပြီး သတင်းတွေကြား အချိန် မကုန်ချင်သူတွေအတွက်တော့ တစ်ကယ် သတင်းကောင်းဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Torrent ကနေ Streaming လုပ်တာ၊ Download လုပ်တာတွေဟာ Laptop ရဲ့ Storage ကိုထိခိုက်စေသလား?

Next
Next

Samsung ၏ နောက်ဆုံးပေါ် တီဗီထုတ်ကုန်အသစ်များ မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်