TON Cryptocurrency ပို့လို့ရပြီဖြစ်တဲ့ Telegram

Telegram အနေနဲ့ အသုံးပြုသူတွေကို Toncoin တွေပို့လို့ရအောင် ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။ ဒါဟာ Blockchain နည်းပညာကို ဂရုမစိုက်သလိုလုပ်ထားတာပါပဲ။ Toncoin ကို Chat ထဲမှာပဲ တိုက်ရိုက်ပို့လို့ရတာဖြစ်ပါတယ်။ The Open Network (TON) ကိုယ်တိုင်ကလည်း သူတို့ Twitter မှာ Telegram ကနေ Coin တွေပို့လိုရပြီဖြစ်ကြောင့် တရားဝင်ကြေငြားထားပါတယ်။

TON အနေနဲ့ သူတို့ Coin တွေ Telegram မှာဘယ်လို အလုပ်လုပ်တယ်ဆိုတာကို Twitter မှာ Video အတိုလေးနဲ့ ရှင်းပြထားပါသေးတယ်။ စတင်အသုံးပြုဖို့ဆိုရင် Telegram Wallet Bot ကို စတင်ဖို့လိုပါတယ်။ ဒါပြီးရင်တော့ သင့်အနေနဲ့ Cryptocurrency ကို Bank Card နဲ့ချိတ်ပြီး ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား Wallet တွေ၊ Exchange တွေနဲ့ ငွေလွှဲတာ၊ ရောင်းတာတွေ ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။

Crypto တွေဝယ်ပြီးလို့ အသင့်ဖြစ်ပြီဆိုရင် Wallet ကို Menu ကနေကြည့်ပြီး ကိုလွှဲချင်တဲ့ ပမာဏကို ဖြည့်ပြီး လွှဲရုံပါပဲ။ မလွှဲခင် အချက်အလက်တွေဖြည့်ပြီး Send လိုက်ရုံပါပဲ။ လက်ခံမဲ့သူအနေနဲ့ chat ကနေပဲ လက်ခံရုံပါပဲ။

၂၀၂၀ တုန်းက Telegram အနေနဲ့ သူရဲ့ကိုယ်ပိုင် Crypto အစီအစဥ်ကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီ Project ကို Telegram Open Network (TON) လို့ပဲ ခေါ်ခဲ့ပါတယ်။ ဒီ TON ကိုတော့ Telegram CEO Pavel Durov နဲ့ သူ့ညီအကို Nikolai တို့တီထွင်ခဲ့တာပါ။ အဲ့နောက်မှာတော့ 1.7 billion ရှိတဲ့ Coins တွေကို မှတ်ပုံတင်ဖို့ကြိုးစားရင်း Project ရပ်ခဲ့ပါတယ်။

Telegram အနေနဲ့ ဒီအစီအစဥ်ကို ရပ်ပစ်လိုက်ပေမယ့် Developer အချို့ကတော့ ဒီ TON Project ကို The Open Networkလို့ အမည်ပြောင်းပြီး ဆက်လုပ်ခဲ့ပါတယ်။ TON အနေနဲ့ Blockchain နည်းပညာကို တစ်ခေတ်ဆန်းစေမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါ့အပြင် TON အနေနဲ့ ဒီလအစောပိုင်းတုန်းက 1 billion ပမာဏရှိတဲ့ ငွေတွေကို လျှဒါန်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Pill & Hole Design iPhone 14 Display တွေထွက်ပေါ်လာ

Next
Next

Bluetooth SIG Website ပေါ်မှာတွေ့ရတဲ့ Google Pixel Watch