Pill & Hole Design iPhone 14 Display တွေထွက်ပေါ်လာ

Apple အနေနဲ့ iPhone 14 Series ကို ဒီနှစ်ကုန် စက်တင်ဘာမှာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Reports အများစုရဲ့ ခန့်မှန်းချက်တွေအရ iPhone 14 မှာ ပိုသေးတဲ့ Notch တွေပါဝင်လာမယ်လို့ဆိုပါတယ်။ တစ်ခြား 14 Model တွေမှာတော့ Pill and Hole shape ကိုသုံးထားပါတယ်။ Twitter မှာ Weibo ကပုံတစ်ခုကို တင်ထားပြီး ပုံထဲမှာ iPhone အတွက် Display Panel လို့ယူဆနိုင်ပါတယ်။

ထွက်လာတဲ့ပုံတွေအရ iPhone 14 Pro နဲ့ iPhone 14 Pro Max မှာဆိုရင် Pill-shaped Front panel ကိုရမှာဖြစ်ပြီး ကျန်တဲ့ iPhone 14 နဲ့ iPhone 14 Max မှာတော့ အရင် Lineup တွေထက်သေးငယ်တဲ့ Bazel ကိုရရှိမှာဖြစ်ပါတယ်။ Face ID နဲ့ Front Camera ကို Pill-shaped နဲ့ အဝိုင်းပုံစံထည့်ပေးထားပါတယ်။ iPhone 14 Line up ကို ၆.၁ လက်မ ထွက်လာနိုင်ပြီး Max ကတော့ ၆.၇ လက်မ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Reports တွေအရ iPhone 14 Pro Models တွေမှာ ပိုသေးတဲ့ Bazels တွေအပြင် 20:9 အချိုးအတိုင်း ဖုန်းဘော်ဒီကထွက်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Front Camera ကိုလည်း Upgrade အနည်းငယ်လုပ်လာပါလိမ့်မယ်။ Front Camera ကို Autofocus ထည့်ပေးပြီး aperture f/1.9 ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် Back Main Camera ကိုလည်း 48 Megapixels အဖြစ်ထည့်ပေးမယ်လို့ သတင်းတွေထွက်နေပါတယ်။

Chipset ပိုင်းအနေနဲ့လည်း iPhone 14 နဲ့ iPhone 14 Max အနေနဲ့ Apple A15 Bionic Chip ကို LPDDR4x Ram နဲ့ထွါက်လာမယ်လို့ဆိုပါတယ်။ iPhone 14 Pro နဲ့ Pro Max ကတော့ A16 Bionic Chipset ကိုမှ LPDDR5 RAM နဲ့လာမယ်လို့ဆိုပါတယ်။ Line Up တစ်ခုလုံးကို RAM 6 GB ထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Free Built-in VPN ပါဝင်မယ့် Microsoft Edge

Next
Next

TON Cryptocurrency ပို့လို့ရပြီဖြစ်တဲ့ Telegram