Data တွေခိုးနေတဲ့ Social Media Platform

TikTok CEO Shou Zi Chew ဟာ စင်္ကာပူနိုင်ငံသားဖြစ်ပြီး TikTok ရဲ့ CEO အဖြစ် ၂၀၂၁ ကတည်းကစတင် တာဝန်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့တုန်းက US လွှတ်တော်မှာ US နိုင်ငံသားတွေရဲ့ Data တွေကို တရုတ်နိုင်ငံအစိုးရထံ ရောင်းစားတယ်ဆိုပြီး Shou Chew ကိုခေါ်ယူပြီး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်

- User သန်း ၅၀၀ ကျော်ရဲ့ Data တွေကိုရောင်းစားခဲ့လို့ ဒေါ်လာသန်း ၂၇၀ လောက်ဒဏ်ရိုက်ခံရတဲ့ကိစ္စ

- US အစိုးရက အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ကုမ္ပဏီကို Data တွေပေးသုံးတဲ့ကိစ္စ

- လူသတ်တဲ့ကိစ္စတွေကို Platform ပေါ် Live တာကိုဖျက်ချဖို့နောက်ကျတာ

- ကုမ္ပဏီပေါင်း ၁၅၀ ကျော်ကို Data ပေးသုံးမှု

- အကြမ်းဖက််အဖွဲ့တွေရဲ့ နာမည်နဲ့ Social Media အကောင့်ဖန်တီးမှုကို ခွင့်ပြုခြင်း

စတဲ့ ကိစ္စတွေကို TikTok ကလုပ်ခဲ့တယ်ထင်ရင်တော့ မှားပါတယ်။ အပေါ်က ပြဿနာတွေက Facebook ကကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် TikTok အနေနဲ့လည်း ခြောက်ပစ်ကင်းနေတာမဟုတ်ခဲ့ပါဘူး။ အသက်အန္တရာယ်များတဲ့ TikTok Challenge တွေနဲ့ပတ်သတ်ပြီး ပြဿနာတက်ဖူးသလို၊ Nude ပုံတွေအတင်ခံတာနဲ့ပတ်သတ်လို့လည်း ပြဿနာတွေတက်ခဲ့ပါသေးတယ်။

US က TikTok အသုံးပြုသူတွေကတော့ ဒီကိစ္စကို မကြိုက်ကြောင်း TikTok မှာ Content တွေဖန်တီးပြီး ပွဲဆူနေကြပါတယ်။​ Congress မှာလည်း တစ်ချို့ အမတ်တွေက "TikTok သုံးနေရင် အိမ်ကဝိုင်ဖိုင်ကို Access လုပ်လို့ရလား" ဆိုတဲ့ မေးခွန်းတွေအပြင် စင်္ကာပူနိုင်ငံသားကို Chinese လို့ခေါ်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။

လောလောဆယ်မှာတော့ TikTok ကို US နဲ့ UK ကနိုင်ငံဝန်ထမ်းတွေရဲ့ အလုပ်ကိစ္စဖုန်းတွေမှာ တစ်လအတွင်းဖျက်ပစ်ဖို့ အမိန့်ထုတ်ထားပါတယ်။

Ref : BBC

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သုံးခေါက်ချိုး Samsung ဖုန်း

Next
Next

Nothing Ear 2 အကြောင်း