သုံးခေါက်ချိုး Samsung ဖုန်း

၂၀၂၂ အတွင်း Fold ဖုန်းတွေရဲ့ Market မှာ 80 ရာခိုင်နှုန်း ဟာ Samsung ဖုန်းတွေဖြစ်ပါတယ်။ စာအုပ်လိုခေါက်လို့ရတဲ့ Fold တွေ၊ လှန်ပြီးသုံးလို့ရတဲ့ Flip တွေထုတ်လာပြီးတဲ့နောက်တော့ သုံးခေါက်ချိုးလို့ရတဲ့ Flip ဖုန်းဟာ ဒီနှစ်ကုန်မှာ ဈေးကွက်ထဲရောက်လာဦးမယ်လို့ သတင်းတွေထွက်လာပါပြီ။

၂၀၂၃ နှစ်ကုန်မှာ မိတ်ဆက်သွားမယ့် Galaxy Z Fold 5 နဲ့ Galaxy Z Flip 5 models တွေရဲ့ Series မှာ နောက်ဆက်တွဲအနေနဲ့ ထွက်လာနိုင်မယ်လို့ သတင်းတွေထွက်လာတာပါ။ Samsung အနေနဲ့ Tri Fold ဖုန်းကို ၂၀၂၀ ကတည်းက မိတ်ဆက်ထားပြီးသားပါ။

အပြင်ကိုတစ်ခု၊ အတွင်းကိုတစ်ခု ခေါက်လိုက်ရင် Z ပုံစံဖြစ်သွားမယ့် သုံးခေါက်ချိုးဖုန်းတွေဟာ ဒီဇိုင်းအနေနဲ့တော့ ကိုင်ရတာအထာကျနိုင်တယ် ဆိုပေမယ့်လည်း အကြမ်းခံမခံကတော့ အတော်လေး စဥ်စားစရာကောင်းပါတယ်။ ခေါက်မယ့် Dispaly တစ်ခုဆီဟာ Hinge တစ်ခုစီနဲ့ချိတ်ထားတာဖြစ်လို့ အကိုင်ကြမ်းရင် ပြုတ်ထွက်ဖို့လည်း ရာခိုင်နှုန်းများပါတယ်။ နောက်တစ်ခုကတော့ ၂ ခေါက််ချိုးဖုန်းတွေမှာ ဒီလောက် ထူတာ၊ ၃ ခေါက်ချိုးဆိုရင် အတော်လေးထူပြီး လေးမယ့် ဖုန်းဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် လတ်တလောထွက်ထားတဲ့ Hinge နည်းပညာအသစ်ကြောင့် ပိုပါးလာမယ့် ဒီဇိုင်းတွေရှိလာဦးမလားဆိုတာတော့ စဥ်းစားစရာရှိပေမယ့် ကိုယ်ပိုင်အမြင်ကတော့ ၃ ခေါက်ချိုးဆိုရင် Tablet အငယ်စားဖြစ်နေပြီိမို့ Daily Use အနေတော့ သုံးဖို့မစဥ်းစားချင်ပါဘူး။

Ref : Android Authority

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မတူညီတဲ့ ကုမ္ပဏီ ၆ ခုခွဲသွားမယ့် Alibaba

Next
Next

Data တွေခိုးနေတဲ့ Social Media Platform