Nothing Ear 2 အကြောင်း

Nothing အကြောင်းပြောရရင် CEO Carl Pei ရဲ့ Marketing နဲ့ပတ်သတ်ရင် Creativity ကောင်းပုံက မြန်မာက ရှိုးပွဲတွေမှာ မားကတ်တင်းဆင်းတဲ့ ဘစိုင်းလိုပါပဲ :3။

Carl Pei အနေနဲ့ Nothing Ear 2 ကို နာမည်ကြီး Tech YouTuber တွေဖြစ်တဲ့ MKBHD, JerryRig, Mrwhotheboss တို့လိုဝတ်စားပြီး Nothing 2 ကို Unboxing လုပ်ပြခဲ့ပါတယ်။

Nothing Ear 1 နဲ့ 2 ဘာကွာခြားလဲဆိုရင် -

ဒီဇိုင်း - နားကြပ်တွေက အပြင်ပိုင်းပုံတူပေမယ့် Buds အတွင်းပိုင်းတွေကအစ Redesign လုပ်ထားပြီး၊ ပိုသေးငယ်၊ ပိုပေါ့ပါးလာပါတယ်။

အသံပိုင်း - LHDC 5.0 Support ပေးတာကြောင့် ကြိုးနဲ့နားထောင်သလောက်နီးပါး အသံကွာလတီ ကောင်းပြီး Ear 1 တုန်းကပါတဲ့ AAC နဲ့ SBC ထက်ပိုကောင်းလာပါမယ်။

ဘလူးတု - Bluetooth 5.4 သုံးထားသလို တစ်ခါတည်း Device 2 ခုလည်းချိတ်ထားနိုင်ပါတယ်။

ထိန်််းချုပ်ပုံ - အရင်တုန်းက နားကြပ်ကိုထိပြီး Control လို့ရပေမယ့် ခုတော့နားကြပ်ကိုညှစ်ပြီးထိန်းရပါမယ်

အသံငြိမ်ထိန်းချုပ်မှု(Active Noise Cancelling) - Video ထဲမှာ အများကြီးပြောသွားပေမယ့် Ear 1 ထက်ပိုကောင်းလာမယ်၊ နားထောင်သူအကြိုက်လိုက်ပြီး ANC Level ကိုထိန်းနိုင်ပါမယ်။

ဘက်ထရီ - ANC ပိတ်ထားပြီးသုံးရင် ၆နာရီခွဲလောက်ဆက်တိုက်နားထောင်နိုင်ပြီး Case နဲ့ပေါင်းလိုက်ရင်တော့ ၁ ရက်ခွဲလောက် ဆက်တိုက်မနားတမ်းနားထောင်လို့ရပါမယ်

အကြမ်းခံမှု - Ear 2 ရဲ့ IP rating က IP55 ပါ။ Ear 1 က IPX4 ပါ။

အပိုဆု - သီချင်းတွေနားမထောင်ခင် အလိုအလျောက် နားကို Hearing Test လုပ်ပြီး Personal Sound Profile တွေဆောက်လို့ရမှာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဖြစ်ပါတယ်။

အသေးစိတ် Spec တွေကိုတော့ ပုံမှာ ကြည့်နိုင်ပါတယ်။

Ref : Nothing Youtube

#AkhayarTech



Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Data တွေခိုးနေတဲ့ Social Media Platform

Next
Next

ဖုန်းတွေကြားမှာ Data ပြောင်းမယ်ဆိုရင်