Threads နဲ့ပတ်သတ်ပြီး တရားစွဲဆိုဖို့ လမ်းစပြင်နေတဲ့ Twitter

Threads ကိုထုတ်ပြီးပြီးချင်း User သန်းချီရသွားခဲ့တဲ့နောက် Elon နဲ့ Zuckerberg တို့အချင်းချင်းထိုးပြီးရင် ဒီကိစ္စက တရားရုံးမှာပါဆက်သွားဖို့ လမ်းစရှိတယ်ထင်တယ်။ Elon ရဲ့လက်မှတ်ထိုးထားတဲ့ Meta ကိုသတိပေးစာပုံစံမျိုး စာတစ်စောင်ဝင်လာတယ်လို့ Meta ကကြေငြာထားပါတယ်။

စာထဲမှာ Twitter အလုပ်ဖြုတ်လိုက်တဲ့ Devs တွေကို Threads ကပြန်ငြားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဝန်ထမ်းတစ်ချို့က ခုချိန်ထိ Twitter ရဲ့ Tech တွေကိုသုံးနိုင်ဆဲဖြစ်ပြီး လပိုင်းအတွင်း Twitter Copycat Threads ကို ဖန်တီးခဲ့လို့လည်း ပြောထားပါတယ်။ ဒါ့အပြင် Twitter အသုံးပြုသူတွေရဲ့ Data တွေကို ခွင့်မရှိပဲ သုံးစွဲခဲ့တယ်လို့လည်း ပြောထားပါတယ်။

Elon အနေနဲ့လည်း Twitter ကိုလက်ဖက်ရည်ဖိုးလောက်နဲ့ ဝယ်ထားတာမဟုတ်တော့ တင်းနေမှာသေချာပါတယ်။ နောက်လပိုင်းအတွင်း လက်ဝှေ့ပွဲမြင်လာရနိုင်သလို၊ တရားစွဲတဲ့ကိစ္စတွေလည်း မြင်လာရနိုင်ပါတယ်။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဇီဝလက်နက်အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မယ့် Teslaကားတွေရဲ့ Bioweapon Defense Mode

Next
Next

Threads??