ဇီဝလက်နက်အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မယ့် Teslaကားတွေရဲ့ Bioweapon Defense Mode

နာမည်ဖတ်လိုက်ရင်တော့ တော်တော်မိုက်တာပဲလို့ ထင်သွားကြမှာပါ။ တစ်ကယ်တော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ကနေဒါမှာ တောမီးလောင်တဲ့အဖြစ်အပျက်ကနေ New York တစ်မြို့လုံး ဖုန်ရှုလိုက်ရတဲ့ ကိစ္စကနေစလို့ ဒီကိစ္စက Trend ဖြစ်လာတာပါ။ လေထုက မီးခိုးတွေကြောင့် မဲမှောင်ပြီး တစ်မြို့လုံးအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကြုံနေရတဲ့အချိန်မှာ Dyson ရဲ့ Air Purifying Headphone တွေနာမည်ကြီးသွားပါသေးတယ်။

ခုလည်း Tesla ရဲ့ Model X,Y,S တွေမှာ high efficiency particulate air HEPA လေသန့်စင်စနစ်ပါဝင်ပြီး မြောက်အမေရိကရဲ့ မသန့်စင်တဲ့ လေထုထဲမှာ ကားမောင်းနေခဲ့ရင် Tesla ရဲ့ Bioweapon Mode ကိုသုံးပြီး ဖုန်ရှုစရာမလိုတဲ့အကြောင်းကို Elon က Twitter မှာ Retweet လုပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖုန်ထူတဲ့အညာဒေသဖက်မှာ အက်မင်စမ်းကြည့်ချင်ဖူးတဲ့ Mode တစ်ခုလည်းဖြစ်ပါတယ်။ Tesla ပိုင်ရှင်တွေသုံးဖူးရင် အတွေ့အကြုံလေး မျှဝေပေးပါဦး

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

MediaTek ရဲ့ Mid-range Chipset တွေတရားဝင်မိတ်ဆက်

Next
Next

Threads နဲ့ပတ်သတ်ပြီး တရားစွဲဆိုဖို့ လမ်းစပြင်နေတဲ့ Twitter