Threads??

ဒီနေ့မနက်ပဲ Twitter နဲ့ဆင်တူတဲ့ Meta ရဲ့ Text-based Social Media ဖြစ်တဲ့ Threads ထွက်လာတယ်။ Mark Zuckerberg ကတော့ အသုံးပြုသူက နာရီပိုင်းအတွင်း ၅ သန်းလောက်ရှိနေပြီလို့ ကြွယ်ထားပါတယ်။

Elon Musk နဲ့ Zuckerberg တို့ထိုးဖို့ပြင်နေရတဲ့ အကြောင်းရင်းတစ်ခုက ဒီကိစ္စလည်းပါပါတယ်။ Meta က Elon ရဲ့အုပ်ချုပ်မှုအောက်မှာ Twitter ကအရင်လိုမဟုတ်တော့ဘူး။ ဖြစ်ချင်တိုင်းဖြစ်၊ Policy တွေပြောင်းချင်သလိုပြောင်းနေတယ်ဆိုပြီး ကောက်ချက်ချပြီး Mastodon လို Server Base Social Media ကိုကောက်ထွင်ပလိုက်တာပါ။

လောလောဆယ်မှာတော့ Threads ကို Instagram ကလူတွေအတော်များများရောက်လာနေပါတယ်။ Twitter ကလူတွေကတော့ Threads ကိုပြောင်းဖို့အများကြီးမျှော်လင့်လို့မရပါဘူး။ ဘာလို့လဲဆို Threads မှာခုကတည်းက ဟိုဟာမတင်ရ၊ ဒီဟာမတင်ရ တင်ရင်ဘန်းမယ်ဆိုတဲ့ ဇူဇူရဲ့ အကျင့်လေးက ပါလာပြီဖြစ်လို့ပါ။

မိတ်ဆွေတို့လည်း Threads ကိုဒေါင်းလုပ်ဆွဲပြီးသုံးဖြစ်သွားရင်း အတွေ့အကြုံလေးတွေရှဲခဲ့ပါဦး။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Threads နဲ့ပတ်သတ်ပြီး တရားစွဲဆိုဖို့ လမ်းစပြင်နေတဲ့ Twitter

Next
Next

Samsung SmartTag News