Samsung SmartTag News

SmartTag တွေက နေ့စဥ် တစ်ကယ်လိုအပ်တဲ့ Gadget လားလို့မေးရင်တော့ လိုတယ်လို့ဖြေသူနဲ့ မလိုဘူးလို့ဖြေတဲ့သူ အမျိုးမျိုးရှိမှာပါ။ တစ်ကယ့်နေစဥ်ဘဝမှာ အရေးတစ်ကြီးလိုအပ်တာမဟုတ်ပေမယ့် Gadget ကြိုက်တဲ့သူ၊ ပိုက်ဆံပေါတဲ့သူ၊ ကလေးငယ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေရှိတဲ့သူ အများစုကတော့ SmartTag တွေဝယ်ပြီး သုံးနေကြတုန်းပါပဲ။

ဒါပေမယ့် ဘယ်နည်းပညာမဆို Up/Down Side ကတော့ရှိစမြဲလို့ဆိုရမယ်။ SmartTag တွေနဲ့ပတ်သတ်လို့ AirTag ထွက်လာတော့ နောက်ယောင်ခံလိုက်ခံရတာတွေကို Apple ကိုယ်တိုင်ဒီနေ့ထိ ဖြေရှင်းနေရတုန်းပဲ။ ဒါပေမယ့် ဈေးကွက်ကတော့ ပြဿနာတွေဘယ်လိုရှိရှိ သူ့ပရိသတ်နဲ့သူ အားပေးကြဆဲ၊ အားပေးမြဲပါ။

ခုလည်း ၂၀၂၁ ကတည်းက Samsung ကကြေငြာထားတဲ့ SmartTag က Update တစ်ခုထွက်လာပါတယ်။ အဲ့တာကတော့ Bluetooth 5.1 အစား 5.3 ကိုပြောင်းသုံးမယ်ဆိုတာပါ။ အဲ့တော့ Major Upgrade လို့ပြောလို့မရပေမယ့် Power Consumption ပိုနည်းဖို့ရည်ရွယ်ပုံရပါတယ်။

AirTag ရဲ့ Battery ကတော့ ကြော်ငြာတွေအရ Normal Usage မှာဆိုရင် ၁နှစ် (သို့) ၁၈ လအသုံးခံပါမယ်။ Battery ကို User ကိုယ်တိုင် Replacement လုပ်နိုင်ပါသေးတယ်။ Samsung ရဲ့ SmartTag ကတော့ Rumors တွေအရ ရက် ၃၀၀ သုံးနိုင်ပါမယ်။

အခရာပရိသတ်တွေရော SmartTag ကြိုက်သူတွေရှိကြလား၊ ဘယ် Tag တွေသုံးနေကြလဲ??

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Threads??

Next
Next

iOS 17 မှာအသစ်ပါလာတဲ့ Android မှာရှိပြီးသား Features ၉ ခု