Third Party App installation ကိုဖွင့်ပေးမယ့် Apple

Apple က Third Party App တွေကိုဖွင့်ပေးဖို့ ကြေငြာထားတာက အရမ်းအံ့သြဖို့တော့မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းက Corporate တွေအနေနဲ့ ကုမ္ပဏီတွင်း Software တွေကိုစမ်းချင်ရင် Apple ကိုခွင့်တောင်းပြီး စမ်လို့ရတဲ့ စနစ်ရှိခဲ့ပြီးသားမို့ပါ။

ဒါပေမယ့် ခုလိုအသည်းအသန်ပြောင်းလဲလာတာ EU ရဲ့တွန်းတွန်းတိုက်တိုက် ရှိမှုကြောင့်လည်းပါတယ်လို့ဆိုရမယ်။ အဲ့တော့ iPhone နဲ့ iPad တွေကို Third Party App တွေ Install လို့ရတော့မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် Crack App တွေပေါ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါပေမယ့်တစ်ခုရှိတာက ဒီအပြောင်းအလဲတွေကို EU Member ဝင်တွေဖြစ်တဲ့ ၂၇ နိုင်ငံမှာပဲပေးသွားမှာဖြစ်လို့ ကျန်တဲ့နိုင်ငံတွေမှာတော့ ရဖို့မသေချာပါဘူး။ ဒီအပြောင်းအလဲကိုတော့ ၂၀၂၃ ခုနှစ်မှာထွက်မယ့် iOS 17 နဲ့အတူထွက်လာဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။ Apple အနေနဲ့ ၂၀၂၄ မှာ EU ရဲ့ Electronic Act နဲ့အညီ ကုန်ပစ္စည်းတွေထုတ်လုပ်ဖို့ ကြိုးစားနေပုံပါပဲ။

ဒီလို Third Party ဖွင့်ပေးလိုက်တာဟာ Apple ရဲ့အမြတ်ကြီးစား အခွန် ၃၀ ရာခိုင်နှုန်းကောက်တာကို App Developer တွေအနေနဲ့ ရှောင်နိုင်ဖို့အခွင့်အရေးပဲဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နာမည်ကြီး Journalist တွေကို Twitter ကနေဘန်းလိုက်တဲ့ Elon Musk

Next
Next

OnePlus Monitor India မှာထွက်ပြီ