OnePlus Monitor India မှာထွက်ပြီ

တစ်အပေါင်းရဲ့ Monitor ကတော့ ကြေငြာထားတဲ့အတိုင်း အိန္ဒိယမှာထွက်လာပြီဖြစ်ပါတယ်။ he premium X 27 model ဆိုရင် Sale ပါချထားပါတယ်။ အိန္ဒိယရူပီး ၃ သောင်းနီးပါးဆိုတော့ မြန်မာငွေကို အကြမ်းဖျဥ်းတွက်ရရင် ၁၀ သိန်းနားပါပဲ။ Specification တွေကတော့

- 27 inches

- 2560x1440

- 165Hz IPS panel Display

- 10-bit color

- 95% DCI-P3 coverage

- DisplayHDR 400 certification

ဒါ့အပြင်ကို 1ms Response time ပဲရှိတယ်လို့ OnePlus ကဆိုပါတယ်။ AMD FreeSync Premium certified လည်းပါလို့ Nvidia and Intel GPU တွေနဲ့ရော အဆင်ပြေစေမှာပါ။ Monitor မှာ Extend လုပ်လို့ရတဲ့ Feature အပြင် Rotate လည်းလုပ်နိုင်လို့ Landscape ရော၊ Portarit ရောသုံးရမှာပါ။ Connection အနေနဲ့ USB-C ကို Connector အဖြစ်သုံးနိုင်အောင် One Port ပါဝင်ပြီး ပိုကောင်းတဲ့ 65W Output လည်းထုတ်ပေးနိုင်ပါသေးတယ်။

နောက်တစ်ခုကတော့ မတူတဲ့ Source ကလာတဲ့ Input ၂ ခုကို Monitor မှာ Split ပြီးသုံးနိုင်တာပဲဖြစ်ပါတယ်။ Mobile Game ကို Monitor နဲ့ဆော့ချင်တဲ့သူတွေအတွက် Optimize လုပ်ထားတဲ့ Mode တွေပါပါသေးတယ်။ E 2 ဆိုပြီး Version ကွဲမှာတော့ ပိုဈေးချိုသွားပြီး 24-inch, 1920x1080 resolution, 75Hz IPS panel တို့ပါဝင်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Third Party App installation ကိုဖွင့်ပေးမယ့် Apple

Next
Next

Remote Worker တွေအကြိုက်ဖြစ်လာနိုင်တဲ့ Apple Freeform App