နာမည်ကြီး Journalist တွေကို Twitter ကနေဘန်းလိုက်တဲ့ Elon Musk
Free Speech ဆိုပြီး အော်နေတဲ့ Elon တစ်ယောက် CNN, NewYork Times, Washington Time အစရှိတဲ့ နာမည်ကြီးသတင်းစာတိုက်တွေက သတင်းသမားတွေကို Twitter ကနေ ဘန်းလိုက်ပြီးတဲ့နောက် ဝေဖန်ခံခဲ့ရပါတယ်။ "မင်းကမှ Free Speech ကိုပိတ်ပင်တဲ့ကောင်ဆိုပြီးတော့ ဘာညာ" အဆိုပါခေါင်းစဥ်နဲ့ ဝေဖန်ခံရတာပါ။
အဲ့နောက်မှာတော့ Elon ကိုယ်တိုင် Twitter မှာပဲ Poll လုပ်ပြီး အကောင့်တွေကို ပြန်ဖွင့်ပေးသင့် မပေးသင့် ပြည်သူ့မေတ္တာခံယူပွဲလုပ်ခဲ့ပြီး အကောင့်ပြန်ဖွင့်ပေးဖို့ဖက်က ၅၁ရာခိုင်နှုန်းခဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Public Poll ပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ Musk က သူချမှတ်ပေးထားတဲ့ Rule တွေကိုလိုက်နာနိုင်ရင် အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
တစ်ကယ်တော့ အဆိုပါ ဂျာနယ်လစ်သမားတွေရဲ့ အကောင့်ကိုပိတ်သိမ်းခဲ့တာက Elon ရဲ့ Private Jet တည်နေရာတွေကို ခြေရာခံခဲ့တဲ့အတွက်ပြုလုပ်တာဖြစ်တယ်လို့ Elon ဖက်ကတော့ ထုတ်ပြန်ထားပါတယ်။ Elon အနေနဲ့ Mastodon ဆိုတဲ့ Social Media Platform အကောင့်တစ်ခုကိုလည်း Twitter ကနေဖျက်ချခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ အဆိုပါ Social Media မှာ ElonJet ဆိုတဲ့အကောင့်က Elon Musk ရဲ့ Private jet လမ်းကြောင်းတွေကို တိုက်ရိုက်သတင်းတင်ပေးနေလို့ပဲဖြစ်ပါတယ်။
ဒါပေမယ့်အဆိုပါ Data တွေဟာ လူတိုင်းကြည့်လို့ရတဲ့ Public Data တွေကိုကနေ တွက်ချက်ယူထားတဲ့ Information အချက်အလက်တွေဖြစ်လို့ Elon Musk ကိုမေးခွန််းထုတ်စရာတွေပေါ်လာတာဖြစ်ပါတယ်။ Elon ဖက်ကတော့ ဒါကို မသမာသူတွေ အသုံးချပြီး သူ့ကိုအန္တရာယ်ပေးနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref :CSBN