Tesla နဲ့ Volkswagen ကို ကြော်ငြာနဲ့ ကလိလိုက်တဲ့ Polestar
၂၀၂၀ နောက်ပိုင်းမှာ ကားတွေအနေနဲ့ ကားသပ်သပ်ဆိုတာထက်ပိုလာခဲ့ပါတယ်။ အလိုအလျောက်မောင်းနှင််စနစ်တွေ၊ ကားပါကင်ထိုးစနစ်တွေ၊ စောင့်ကြည့်ကင်မရာပေါင်းစုံ၊ အာရုံခံကိရိယာပေါင်းစုံပါဝင်တဲ့ စက်တစ်ခုထက် ခေတ်ရှေ့ပြေး ရုပ်ရှင်တွေထဲက ကားတွေနဲ့တစ်ဖြည်းဖြည်းဆင်တူလာပါတယ်။
လောလောဆယ် လျှပ်စစ်ကားတွေထဲမှာ Tesla ကရှေ့ရောက်နေပြီး တစ်ခြား ကား Company တွေအနေနဲ့လည်း အပြိုင်အဆိုင် လျှပ်စစ်ကားတွေထုတ်လုပ််နေပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေး ခေါင်းစဥ်နဲ့ Green Energyကိုသုံးစွဲမှုဆိုတဲ့ ခေါင်းစဥ်အောက်ကနေ အပြိုင်အဆိုင်ကားတွေထုတ်လုပ်နေတာဖြစ်ပါတယ်။ Tesla နဲ့ တစ်ခြား ကားတွေမတူညီတာကတော့ Tesla ရဲ့မိခင် Company က နည်းပညာ Tech Giant ဖြစ်တာကြောင့် တစ်ခြားကားတွေထက် Auto-pilot လိုမျိုးတွေ၊ Interoir အပြင်အဆင်ပိုပြီး ခေတ်ရှေ့ပြေးတာတွကြောင့် နာမည်ရနေတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ လျှပ်စစ်ကားလောကထဲကို Polestar ဆိုတဲ့ Company တစ်ခုဝင်လာပါတယ်။ Polestar ဆိုတာ ကားလောကထဲမှာအသစ်ဖြစ်ပြီး နာမည်ကြီး Volvo နဲ့ပါတနာတွေဖြစ်ပါတယ်။ Polestar အနေနဲ့ လက်ရှိဈေးကွက်ထဲမှာ Google ရဲ့ Android Automotive Operating System ကိုပထမဆုံးသုံးထားတဲ့ ကားဖြစ်ပါတယ်။
Polestar ရဲ့အသစ်ထွက်လာတဲ့ Polestar 2 ကြော်ငြာထဲမှာ နာမည်ကြီး Tesla CEO Elon Musk ကို သရော်ထားတဲ့ “ Mars ကိုလည်း မသွားဘူး” , Volkswagen ရဲ့ ပြဿနာတက်ဖူးတဲ့ လေထုညစ်ညမ်းမှုပြဿနာ “ No Diselgate” တို့အပြင်, “No Epic Voiceovers”, “ No empty promiese” စတဲ့ အပိုတွေမလုပ်ထားဘူး။ ဒီကားပါပဲဆိုပြီး Polestar2 Seden လျှပ်စစ်ကား မိတ်ဆက်သွားတဲ့ စက္ကန့် ၃၀ ကြာ Video ကိုပြသသွားခဲ့ပါတယ်။
Polestar အနေနဲ့ Volvo လို အင်အားကြီး Company ကျောထောက်နောက်ခံရှိပေမယ့် ခုလိုမျိုး Company ကြီးတွေကိုပြိုင်တာကတော့ အတော်ရဲတင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့်ခုလိုကြော်ငြာကနေ အားပေးမှုရရှိလာရင်တော့ လျှပ်စစ်ကားလောက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref : The Verge