Crypto Mine မဲ့သူတွေအတွက် Intel က Energy Efficient ပိုဖြစ်မည့် Chipset ထုတ်ပေးမည်
Intel အနေနဲ့ Block Chain နည်းပညာကို ပိုမိုကောင်းမွန်တဲ့ CPU တွေရင်းနှီးမြှပ်နှံသွားမယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ Intel အနေနဲ့ Crypto Mining လုပ်ရာမှာ အသုံးပြုတဲ့ Chipset တွေကို ပိုမိုပြီး Energy Efficient ဖြစ်အောင်် တီထွင်နေတယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဒီနည်းပညာအဆင်သင့်ဖြစ်သွားရင် Energy Efficient အဖြစ်ဆုံး နည်းပညာသုံး Chipset တွေဖြစ်လာမှာဖြစ်ပါတယ််။
“Blockchain Accelerator” လို့နာမည််ပေးထားတဲ့ Intel Crypto Mining chip တွေဟာ ဒီနှစ်ကုန်လောက်မှာ ဈေးကွက်ထဲကို တင်သွင်းနိုင််မယ်လို့ မျှော်လင့်ထားပြီး GRIID Infrastructures and Block နဲ့ Jack Dorsey ပိုင်တဲ့ Fintech Company အနည်းဆုံး ၂ ခုကနေပြီး Preorder တင်ထားပြီးလည်းဖြစ်ပါတယ်။
Mining လုပ်ရာမှာ ကုန်သွားတဲ့ လျှပ်စစ်ဓာတ်အားဟာ အရမ်းပမာဏကြီးပါတယ်။ “ကျွန်တော်တို့အနေနဲ့ တီထွင်လိုက်တဲ့ BlockChain Accelerator ဟာ တစ်ခြား GPUs တွေထက် အနည်းဆုံး အဆ 1000 per watt Performance ပိုကောင်းလာမယ်” လို့ Intel ရဲ့ ဥက္ကဌ Reja Koduri ကို ကြေငြာချက်တစ်ခုမှာပြောခဲ့ပါတယ်။ Bitcoin Mining နဲ့ တစ်ခြား Cryptocurrencies တွေ Mining လုပ်ရာမှာသုံးတဲ့ SHA-256 Mining လို့အမည်ရတဲ့ နည်းပညာတစ်ခုမှာဆိုရင် တစ်ခြား GPU တွေထက် အဆ၁၀၀၀ ပိုမြန်တယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။
ဒီ Chip တွေနဲ့ပတ်သတ်တဲ့ အချက်အလက်် အသေးစိတ်ကို Feb 20 မှာကျင်းပမယ့် International Solid-State Circuits Conference မှာပြောကြားသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Intel အနေနဲ့ “Bonanza Mine: An Ultra-Low-Voltage Energy-Efficient Bitcoin Mining ASIC” ဆိုတဲ့ခေါင်းစဥ်နဲ့ Presentation လုပ်သွားမှာဖြစ််ပြီး ASIC ဆိုတာကတော့ “application-specific integrated circuits” “အလုပ်တာဝန်တစ်ခုအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chipset တွေလို့ အဓိပ္ပာယ်ရပါတယ်။
Mining ကြောင့် Energy အရမ်းကုန်လာတဲ့အခါမှာ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ဖို့ အတွက် သဘာဝပတ်ဝန်းကျင်တွေပျက်စီးလာရပါတယ်။ ဒါ့ကြောင့်ဒီပြဿနာကို အဓိကဖြေရှင်းဖို့အတွက် ထုတ်လုပ်ရခြင်းဖြစ်ကြောင်းကိုလည်း Intel အနေနဲ့ ရှင်းပြခဲ့ပါသေးတယ်။ Crypto Mining ကြောင့်ကုန်သွားတဲ့ လျှပ်စစ်ဓာတ်အားတွေကို ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကနေ အဓိကရရှိတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအတွက် US မှာ Mining ကိစ္စကို လွှတ်တော်ထိ ဆွေးနွေးခဲ့ပြီး တစ်ချို့ Mining လုပ်တဲ့ Company တွေကို လျှပ်စစ်ဓာတ်အား သုံးစွဲမှု ကန့်သတ်တဲ့အဓိဖြစ််ခဲ့ရပါသေးတယ်။
Ref : The Verge