Elon Musk ရဲ့ Tesla Pi Phone

Elon Musk လို့ပြောလိုက်တာနဲ့ Spaceship တွေ၊ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေနေဖိို့ Projectတွေ၊ ​Tesla ကားတွေ၊ Neuro Link တွေစတဲ့ ခေတ်ရှေ့ပြေး ဆန်းသစ်တီထွင်မှုတွေကို တွဲမြင််လာမှာ သေချာပါတယ်။
အာကာသခရီးသွားမှုကို တစ်ခတ်ဆန်းစေခဲ့သလို၊ သိပ္ပံရုပ်ရှင်ကားတွေထဲမှာပဲရှိတဲ့ အလိုအလျောက်မောင််းနှင်တဲ့ကားတွေကိုလည်း တီထွင်ခဲ့တဲ့ သူ့ရဲ့ Tesla နဲ့ SpaceX Company တွေဟာလည်း ဒေါ်လာဘီလီယံချီပြီး တန်ကြေးရှိနေပါပြီ။ ခုလည်း Elon Musk အနေနဲ့ Pi Phone လို့ခေါ်တဲ့ Mobile Phone ကိုတီထွင်မယ်လို့ သတင်းတွေထွက်လာပြန်ပါပြီ။

ပထမဆုံး အနေနဲ့ Pi Phone ကို Qualcomm ရဲ့ Processor ကိုပဲသုံးထားနိုင်ပါတယ်။ Network ကိုတော့ SpaceX ရဲ့ Satellite Internet Starlink ကိုပဲသုံးထားပါလိမ့်မယ်။ ဒါဆိုရင် Pi Phone အနေနဲ့ ကမ္ဘာ့ရဲ့ဘယ််နေရာမှာမဆို အင်တာနက်သုံးလို့ရသလို ဖုန်းလိုင်းလည်း မိနေမှာဖြစ်သလို ကမ္ဘာ့အပြင်ဖက်မှာပါ ဖုန်းလိုင််းနဲ့ Internet သုံးလို့ရနေဦးမှာပါ။ ဒီနေရာမှာတင်ကို Pi Phone ကိုတစ်ခြားဖုန်းတွေထက် တစ်ပန်းသာနေပါပြီ။ Rumors တွေအရ Pi Phone တွေကို အင်္ဂါဂြိုလ်ပေါ်မှာ သုံးဖို့အတွက် ရည်ရွယ်ထုတ်လုပ််မယ်လို့ သိရပါတယ်။


ဒုတိယအနေနဲ့ကတော့ ​Pi Phone ကိုသုံးပြီး Tesla ကားတွေရဲ့ Basic Funcitons တွေကို ထိန်းချုပ်နိုင်မယ်လို့သိရပါတယ်။ ကားတံခါးအဖွင့်အပိတ်၊ သော့ခတ်တာမျိုး၊ Media Control တာမျိုး၊ ကားစက်နှိုးတာမျိုးတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။


နောက််ထပ်် သိရတာတစ််ခုက အာကာသထဲမှာပါ သုံးနိုင်ဖို့စီစဥ်ထားတဲ့အတွက် Solar Charging ပါဝင်မယ်ဆိုတာပါပဲ။ ဒီအချက်သာ အမှန်််တစ်ကယ်ဖြစ်လာရင် လျှပ်စစ်မီးလိုအပ်ချက်လည်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
နောက်တစ်ခုက ကင်မရာပိုင်းမှာလည်း 108 megapixel sensor နဲ့ Lens 4 ခုပါမယ်လို့သိရပါတယ်။ အာကာသကို နှစ်ခြိုက်တဲ့ Elon အနေနဲ့ Astrography ပိုင်းကို သေချာအလေးပေးပြီး ပြင်ဆင်ထားနိုင်ပါတယ်။ သာမန််ဖုန်းတွေကို Low Light မှာ Exposure အကြာကြီးမဟုတ်တော့ပဲ Exposure တိုတိုနဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ စီစဥ်ထားပါတယ်။


နောက်တစ်ခုကတော့ Elon အနေနဲ့ Cryptocurrency ကို အားပေးတဲ့ သူတစ်ဥိီးဖြစ်တာမို့ MarsCoin လို့ခေါ်တဲ့ Crypto Coin တစ်ခုကို Mining လုပ်တဲ့ Feature လည်းပါလာဦးမယ်လို့ဆိုပါတယ်။
နောက်ဆုံးတစ်ခုကတော့ Neurolink နည်းပညာဖြစ်ပါတယ်။ Neurolink ဆိုတာကတော့ စက်ပစ္စည်းတွေကို ဦးနှောက်နဲ့ ထိန်းချုပ်တဲ့နည်းပညာပါ။ တစ်ကယ်လို့ Pi Phone မှာသာ ဒီနည်းပညာပါလာခဲ့ရင် ဖုန်းကို စိတ်ကူးနဲ့ပဲ ထိန်းချုပ်လို့ရတော့မှာဖြစ်ပါတယ်။


ဈေးနှုန်းကလည်း ခုလို ခေတ်လွန်နည်းပညာတွေပါဝင်တဲ့ဖုန်းဟာ ဈေးကတော့သက်သာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် Pi Phone တွေကို Cryptocurrency နဲ့ဝယ်ယူနိုင်မှာဖြစ်လို့ Mining လုပ်တဲ့သူတွေနဲ့ Trading လုပ်နေတဲ့သူတွေကတော့ မျှော်လင့်နေမှာ အသေအချာဖြစ်ပါတယ်။

ခုလို စိတ်ကူးယာဥ်နည်းပညာတွေ ပါဝင်တဲ့ Pi Phone တစ်ကယ်ဖြစ်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Internet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Snapdragon 8 Gen 1 နဲ့ Exynos 2200 တို့ထက် Bench Score ပိုများနေတဲ့ MediaTek Dimensity 9000

Next
Next

Oneplus 10R မှာ Snapdragon အစား MediaTek Dimensity 9000 သုံးလာနိုင်