Oneplus 10R မှာ Snapdragon အစား MediaTek Dimensity 9000 သုံးလာနိုင်

အရင်တုန်းက Lineup တစ်ခုမှာ Model 2 ခုလောက်ပဲ ထုတ်ခဲ့တဲ့ Oneplus ဟာခုနောက်ပိုင်းမှာတော့ Lineup ခပ်များများနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာပါတယ်။ ရိုးရိုး Number နဲ့ Pro Series တွေကို Flagship Lineup, R series ကို Regional ဈေးကွက်, Nord နဲ့ Nord CE ကိုတော့ Mid-range ပိုင်းအသားပေးပြီး၊ Nord Nတွေကတော့ Entry Level တွေဆိုပြီး Lineup ပေါင်းစုံနဲ့ ဈေးကွက်ချဲ့ထွင်နေတာဖြစ််ပါတယ်။

Oneplus 9R ရဲ့နောက်ဆက်တွဲ Lineup ဖြစ်တဲ့ 9RT ကို India မှာဖြန့်ချီပြီး မကြာခင်မှာပဲ Oneplus 10R နဲ့ပတ်သတ်တဲ့ Rumors တွေလည်းထွက်လာခဲ့ပါတယ်။ Oneplus 10 Pro ကိုတော့ တရုတ်မှာ January 11 နေ့က မိတ်ဆက်ခဲ့ပြီး Oneplus 10 နဲ့ 10 Pro ကိုလည်း နိုင်ငံတစ်ကာဈေးကွက်မှာ မြင်ရနိုင်ဖွယ်ရှိပါတယ်။

Oneplus 10 နဲ့ 10 Pro ကို ဧပြီလထဲမှာ နိုင်ငံတစ်ကာကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး Snapdragon 8 Gen 1 ကိုသုံးသွားမယ်လို့ သိရပြီး Oneplus 10R ကိုတော့ MediaTek Dimensity 9000 သုံးမယ်လို့သိရပါတယ်။
Qualcomm ရဲ့ Chipsets တွေကိုပဲသုံးလာခဲ့တဲ့နောက်မှာ ပထမဆုံးအကြိမ် MediaTek ကို Oneplus Nord 2 မှာစတင်အသုံးပြုခဲ့ပါတယ််။ ခု Oneplus 10 Series မှာတော့ MediaTek အနေနဲ့ Flagship SoC ကောင်းကောင်းတစ်ခု ရှိလာပြီဖြစ်လို့ ထည့်သွင်းအသုံးပြုရခြင်း ဖြစ်တယ်လို့သိရပါတယ်။
တစ်ချို့သတင်းတွေအရ Dimensity 9000 ကို Oneplus 10 နဲ့ 10 Pro မှာမသုံးရခြင်းက မြောက်အမေရိကားရဲ့ mmWave 5G ကို Support မပေးနိုင်တဲ့အတွက် ဈေးကွက်အရ အသုံးမပြုခဲ့ခြင်းဖြစ်ပါတယ်။ 10 R ကိုတော့ တရုတ််နဲ့ အိန္ဒိယ ဈေးကွက်မှာ Based Model 120Hz AMOLED Display, Dimensity 9000, 8GB RAM, 128 GB Storage တို့နဲ့အတူ ဖြန့်ချီသွားမယ်လို့ သိရပါတယ်။
Oneplus 10R အနေနဲ့ ဈေးကွက်ထဲရောက်သင့်နေပြီဖြစ်ပေမယ့်လည်း Oneplus 9RT ဈေးကွက်အနေအထားအရ အနည်းငယ််နောက်ကျပြီးမှ ထွက်လာမယ်မျှော်မှန််းရပြီး Oxygen Os 12 မှာ Bugs တွေများတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Ref : Gsmarena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Elon Musk ရဲ့ Tesla Pi Phone

Next
Next

Subscriptions စနစ်ပါလာနိုင်တဲ့ TikTok