Snapdragon 8 Gen 1 နဲ့ Exynos 2200 တို့ထက် Bench Score ပိုများနေတဲ့ MediaTek Dimensity 9000

စမတ််ဖုန််းလောကမှာ Processor ထုတ်တဲ့ Tech Giant ကြီးတွေရဲ့ နောက်ဆုံးပေါ် Processors တွေကို စမ်းသပ်ခဲ့တဲ့ GeekBench Score ထွက်ပေါ်လာပါပြီ။ MediaTek Dimensity 9000, Qualcomm Snapdragon 8 Gen 1, Samsung Exynos 2200 တို့ဟာ နောက်ဆုံးပေါ် SoC တွေပဲဖြစ်ပါတယ်။ Snapdragon 8 Gen 1 ဆိုရင် ဖုန်းတစ်ချို့မှာပါ တပ်ဆင်ရောင်းချနေပြီဖြစ်ပြီး ကျန်တဲ့ ၂ ခုကတော့ ဖုန်းတွေမှာ တပ်ဆင်ထုတ်လုပ်ခြင်းမရှိသေးပါဘူး။ လောလောဆယ် GeekBench မှာ အကြိုစမ်းသပ်ထားတဲ့ ရလဒ်အချို့ကတော့ထွက်ပေါ်လာပါတယ်။ GeekBench Score တွေအရ Dimensity 9000 ဟာ Android ဖုန်််းလောကရဲ့ လောလောဆယ် Performanceအကောင်းဆုံး CPU ဖြစ်လာပါတယ်။

နာမည်ကြီး Tech Content Creator ဖြစ်တဲ့ Ice Universe ကတော့ Twitter မှာ သူစမ်းသပ်ထားတဲ့ GeekBench Score တွေကို တင်ထားခဲ့ရာမှာ Dimensity 9000 အနေနဲ့ Snapdragon 8 Gen 1 နဲ့ Exynos 2200 တို့ကို Single-threaded ရော၊ Multi-threaded ရောမှာပါ အပြတ်အသတ်အနိုင်ရထားပါတယ်။ တစ်ခြားနာမည်ကြီး Bench Marking တွေဖြစ်တဲ့ AnTuTu Benkmark မှာလည်း အလားတူ Result တွေကိုတွေ့ထားခဲ့ရပါသေးတယ််။
Exynos 2200 နဲ့ Dimensity 9000 တို့ကို ဖုန်းတွေမှာ ထည့်သွင်းအသုံးချနေခြင်း မရှိသေးတာကြောင့် အသုံးပြုမယ့် ဖုန်းပေါ်မှာ မူတည်ပြီး Performance အနည်းငယ်တော့ ပြောင်းလဲမှုရှိနိုင်ပါတယ်။ Snapdragon 8 Gen 1 ကတော့ Xiaomi 12 နဲ့ 12 Pro မှာ စတင််အသုံးပြုနေပြီဖြစ်ပါတယ်။
ပုံမှာတွေ့ရတဲ့ Result တွေအရတော့ Dimensity 9000 အနေနဲ့ Single-core Workload မှာ အရမ်းမကွာပေမယ့် Multi-core Workload မှာတော့ တော်တော်လေး Performance ကွာသွားတာကိုမြင်ရနိုင်ပါတယ်။ CPU Score မှာတော့ Dimensity 9000 ကသာပေမယ့် GPUမှာတော့ Dimensity 9000 က Snapdragon 8 Gen 1 ထက်နည်းသွားပါတယ်။ ဖုန်းတွေမှာ တပ်ဆင်အသုံးပြုတဲ့အခါမှာတော့ ဖုန်််းတွေရဲ့ Os နဲ့ တစ်ခြား Sensor တွေရဲ့ လုပ်ဆောင်မှုကိုလည်း ထည့်တွက်ရမှာဖြစ်တာကြောင့် ဖုန်းတွေမှာ တပ်ဆင်အသုံးပြုပြီးမှပဲ ပိုမိုတိကျတဲ့ Score တွေသိရနိုင်မှာဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တရုတ်ကျားနှစ်သစ်ကူး Special Xbox Edition

Next
Next

Elon Musk ရဲ့ Tesla Pi Phone