Telephoto Camera ပါဝင်လာနိုင်တဲ့ iPhone 15

Hardware ဈေးကွက်ထဲမှာရှိတဲ့ Apple အတွက် ကင်မရာအစိတ်အပိုင်း ထုတ်လုပ်သူတွေဖြစ်တဲ့ တောင်ကိုရီးယား ကင်မရာ Autofocus Part တွေထုတ်လုပ်တဲ့ စက်ရုံတွေထံက Apple ဆီကနေ သဘောတူညီချက်တစ်ခုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး Jahwa ဆိုတဲ့မြို့မှာ ထုတ်လုပ်ရေးစက်ရုံတစ်ခုကို US $155 သန်း အသုံးပြုပြီး ဆောက်လုပ်နေတယ်လို့ဆိုပါတယ်။

ကိုယ့်ရဲ့Product တွေအတွက် လိိုအပ်မှသာ အစိတ်အပိုင်းတွေကို Customized ထုတ်ခိုင်းလေ့ရှိတဲ့ Apple အနေနဲ့ ဘာအသစ်တွေထုတ််ဖို့ ကြံနေလဲဆိုတာ စဥ်းစားစရာပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာက Jahwa အနေနဲ့ Samsung ကိုလည်း OIS modules တွေရောင်းချပေးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထွက်လာမယ့် Modules တွေဟာ အသစ်တွေဖြစ်မလား၊ Samsung ကိုရောင်းထားတဲ့ Modules တွေပဲဖြစ်မလားဆိုတာ စဥ်းစားစရာပါပဲ။

အသစ်ထွက်လာမယ့် Camera Hardware တွေဟာ Telephoto Unit တွေဖြစ်လာနိုင်ပြီး နောက်နှစ်ထွက်လာမယ့် iPhone 15 Lineup မှာပါဝင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီလို စက်ရုံတွေတည်လိုက်တာဟာ Apple အနေနဲ့ Samsung Flagship တွေလို Periscope Telephoto Camera တွေထည့်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် နောက်ပိုင်းထွက်လာမယ့် iPhone တွေမှာ Advanced Zoom Camera တွေပါလာနိုင်မလားဆိုတာတော့ စဥ်းစားစရာပဲဖြစ်ပါတယ်။

iPhone တွေအနေနဲ့ Camera ပိုင်းဆိုင်ရာမှာ သိသိသာသာပြောင်းလဲမှုတွေ မလုပ်တာ Line Up 3 ခုစာလောက်ရှိပြီဖြစ်လို့ နောက်ပိုင်းထွက်မယ့် Phone တွေမှာ ပြောင်းလဲမှုတွေ လုပ်ဖို့ကြံလာတယ်လို့ မှတ်ယူလို့ရပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စျေးသက်သက်သာသာ နဲ့ Performance ပိုင်းအကြိုက်‌‌တွေ့စေမယ့် OPPO A76

Next
Next

အရေးပေါ်အခြေအနေတွေအတွက် Satellite Connectivity ပါဝင်လာနိုင်မယ့် Apple iPhone 14